MNDAA အကြမ်းဖက်အဖွဲ့က ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ စော်ကားခဲ့သော လုပ်ရပ်နှင့် ပတ်သက်၍ ရွှေဘိုမြို့တွင် ဆန့်ကျင် ရှုတ်ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

MNDAA အကြမ်းဖက်အဖွဲ့က ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ စော်ကားခဲ့သော လုပ်ရပ်နှင့် ပတ်သက်၍ ရွှေဘိုမြို့တွင် ဆန့်ကျင် ရှုတ်ချ





MNP ၊ ဇန်နဝါရီ ၁၄

MNDAA အကြမ်းဖက်အဖွဲ့က စေတီတော်ကို ဖြိုဖျက်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးခြင်းအပေါ်  ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများတွင် ဆန္ဒပြ ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြပြီး နယ်မြို့များတွင်လည်း ဆန့်ကျင် ကန့်ကွက်ရှုတ်ချ၍ MNDAA အကြမ်းဖက်အဖွဲ့ကို အပြီးအပြတ် နှိမ်နင်းပေးရန် တောင်းဆိုလျက်ရှိသည်။ ယနေ့ နံနက်ပိုင်းက ရွှေဘိုမြို့တွင် သံဃာတော်များနှင့် ပြည်သူများက MNDAA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်အပေါ် ကန့်ကွက် ရှုတ်ချခဲ့ကြသည်။

ယမန်နေ့က ရမည်းသင်းမြို့၊ ပြည်မြို့၊ ကော့သောင်းမြို့၊ တာချီလိတ်မြို့၊ မိုင်းဖြတ်မြို့၊ ထားဝယ်မြို့၊ မိုင်းဆတ်မြို့၊ ကျိုင်းတုံမြို့၊ သရက်မြို့၊ နက်မောက်မြို့တို့တွင် သံဃာတော်များနှင့် ပြည်သူများက MNDAA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချမှုများ လုပ်ဆောင်ခဲ့ကြသည်။

MNDAA အကြမ်းဖက်အဖွဲ့ဝင်များသည် ရွှေတိဂုံပုံတူ စေတီတော်ကို ပေါင်တူနှင့်ထု၍ ဖြိုဖျက်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များကို ထုခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်သည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ပြီး ရှမ်းပြည်(မြောက်ပိုင်း)တွင် ဘုရားဖြစ်လျင်ပင် ပျက်စီးစေရမည် ဟု တရုတ်ဘာသာဖြင့် ရေးသား၍ ဖော်ပြမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် ပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)