ရွှေတောင်မြို့နယ်အတွင်းရှိ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအား Pfizer ကိုဗစ် -၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်းရှိ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအား Pfizer ကိုဗစ် -၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံ

 





MNP ၊ ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ရွှေတောင်မြို့နယ် အတွင်းရှိ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များအား Pfizer ကိုဗစ် -၁၉ရောဂါ ထပ်​ဆောင်းကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက စတင်ထိုးနှံလျှက်ရှိကြောင်းသိရသည်။

      အဆိုပါ Pfizer ကိုဗစ် -၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (  Booster Doses) ထိုးနှံမှုအား ရွှေတောင် မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးသန့်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများအား ပထမအကြိမ်၊ ဒုတိယအကြိမ် ၊တတိယအကြိမ်၊ စတုတ္ထအကြိမ် ကိုဗစ် -၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Doses) ထိုးနှံပေးခဲ့ရာ စုစုပေါင်း( ၁၄၀)  ဦး ထိုးနှံပြီးစီးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)