MNP ၊ ဇန်နဝါရီ ၂၁
ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွားအနီး တရားမဝင် လက်နက်သယ်ဆောင်လာကြောင်း သတင်းရရှိသည့်အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ PNO ပြည်သူ့စစ် ပူးပေါင်းအဖွဲများအသင့်စောင့်ဆိုင်း စစ်ဆေးခဲ့ရာ PNLO အဖွဲ့က အကြမ်းဖက်အဖွဲ့များထံ ပို့ဆောင်မည့် လက်နက်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် PNLO အဖွဲ့မှ မောင်လှ ဦးစီး အင်းအား၃၀ ဦးတို့ဟာ ကား ၅ စီးဖြင့် ရောက်ရှိလာသည့်အတွက် စစ်ဆေးစဉ် မောင်လှအဖွဲ့မှ စစ်ဆေးမှု မခံယူဘဲ ပူးပေါင်းအဖွဲကို စတင်ပစ်ခတ်ခဲ့ကြောင်း၊ မောင်လှအဖွဲ့မှ စတင်ပစ်ခတ်သည့်အတွက် လုံခြုံရေးပူးပေါင်းအဖွဲ့များမှ ပြန်လည်ပစ်ခတ်ချေမှုန်းခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PNLO မောင်လှအဖွဲထံမှ လက်နက်ကြီး/ လက်နက်ငယ်/ ခဲယမ်း မျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေနှင့် ပတ်သက်၍ မသိရသေးပေ။
Photo Crd -
https://t.me/MyanmarNationalPost




No comments:
Post a Comment