တရားမဝင် လက်နက်များ သယ်ဆောင်လာသော PNLO အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရ - Myanmar National Post

Myanmar National Post

News Agency

Breaking

တရားမဝင် လက်နက်များ သယ်ဆောင်လာသော PNLO အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရ







MNP ၊ ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးခရိုင်၊ ဟိုပုံးမြို့နယ်တွင် တရားမဝင် လက်နက်/ခဲယမ်းများ သယ်ဆောင်ရန်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသော ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက  စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဇန်နဝါရီ ၂၀ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် စံဖူးကျေးရွာ သို့ရောက်ရှိလာသည့် PNLO ယူနီဖောင်းဝတ်ဆင်ထားသူများလိုက်ပါ၍ Canter ယာဉ် ၂ စီး၊ Honda Fit ယာဉ် ၁ စီး၊ ဖိုးဝှီးယာဉ် ၂ စီး စုစုပေါင်း မော်တော်ယာဉ် ၅ စီးပါယာဉ်တန်းအား တွေ့ရှိသဖြင့် လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ PNLO ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးက သေနတ်စတင်ပစ်ဖောက်မှု ဆောင်ရွက်လာ သည့်အတွက် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။


PNLO အဖွဲ့သည် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးကိုရှေးရှု၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့ ပြီး NCA ပါ သဘောတူညီချက်များအား လေးစားလိုက်နာစေရေး ဆွေးနွေးညှိနှိုင်းခဲ့ သည့်အတွက် ပစ်ခတ်မှုရပ်တန့်သွားခဲ့သည်။ သို့သော် PNLO ယူနီဖောင်းဝတ်ဆင် ထားသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးညှိနှိုင်းစေ့စပ်မှု ဆောင်ရွက်နေ စဉ်အတွင်း ယနေ့နံနက်ပိုင်းတွင် ၎င်းတို့ယာဉ်တန်းမှ ယာဉ်များအား မီးရှို့ပြီး ထွက်ပြေး သွားခဲ့သဖြင့် ယာဉ်များပေါ်ရှိ ခဲယမ်းဟုယူဆရသောပစ္စည်းများ ပေါက်ကွဲ၍ စံဖူး ကျေးရွာရှိ ဒေသခံများ၏ နေအိမ်များသို့ မီးများကူးစက်ခဲ့ပြီး နေအိမ် ၂၇ လုံး မီးလောင် ပျက်စီးခဲ့ရသည်။ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ ဟိုပုံးမြို့နယ်နှင့် တောင်ကြီးမြို့ နယ်တို့မှ မီးသတ်ယာဉ် ၆ စီးနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းမီးငြှိမ်း သတ်မှုကြောင့် မီးငြိမ်းသွားခဲ့သည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မီးလောင်ပျက်စီးနေသည့် ယာဉ်များအားစစ်ဆေး ခဲ့ရာ Canter ယာဉ် ၂ စီးပေါ်မှ မီးလောင်ပျက်စီးလျက်ရှိသည့် လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနှင့် ခဲယမ်းအချို့  သိမ်းဆည်း ရမိ ခဲ့သည်။


မီးလောင်ပျက်စီးမှုကြောင့် နေအိမ်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသော ဒေသခံ ပြည်သူများအတွက် ပြည်နယ်အစိုးရမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးကိစ္စရပ် များအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)