မူးယစ်ရာဇာ ထွန်းမြင့်နိုင် ဦးဆောင်သည့် AA အကြမ်းဖက်အဖွဲ့ဝင် အကြမ်းဖက်သမားများက ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူးယစ်ရာဇာ ထွန်းမြင့်နိုင် ဦးဆောင်သည့် AA အကြမ်းဖက်အဖွဲ့ဝင် အကြမ်းဖက်သမားများက ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိ



MNP ၊ ဖေဖော်ဝါရီ ၆

ရခိုင်ပြည်နယ်တွင် ယမန်နေ့က ရသေ့တောင်၊ မောင်တော၊ ရမ်းဗြဲ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့တို့တွင် တပ်မတော်နှင့် AA အကြမ်းဖက်အဖွဲ့ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ AA အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် မူးယစ်ရာဇာ ထွန်းမြင့်နိုင် က ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် BBC နှင့် အင်တာဗျူးတွင် ရခိုင်ပြည်နယ်တခုလုံးကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောဆိုခဲ့သည်။


ယမန်နေ့လည်ပိုင်းက ရသေ့တောင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်းများမှ မှီခိုရဲမေများ၊ မိသားစုဝင်များ တင်ဆောင်လာသည့် ရေတပ်ကမ်းထိုးယာဉ်အား AA အကြမ်းဖက်အဖွဲ့မှ ရွေလောင်းတင်ရွာအနီး ကမ်းပေါ်မှနေ၍ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း အဆိုပါရေယာဉ်မှာ စစ်တွေမြို့သို့ ဘေးကင်းစွာရောက်ရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့နံနက်ပိုင်း ရဲအောင်ချောင်းဝ ရဲကင်းစခန်းနှင့် တောင်ပြို(ယာ) နယ်မြေရဲစခန်းတို့အား AA အကြမ်းဖက်အဖွဲမှ လာရောက်ပစ်ခတ် တိုက်ခိုက် ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 

ယမန်နေ့ နေ့လည်ပိုင်း ၂ နာရီခန့်က ရမ်းဗြဲမြို့၊ မြိုမဈေးအတွင်းရှိ ပြည်သူပိုင် ဈေးဆိုင်ခန်းများအား AA အကြမ်းဖက်အဖွဲ့ဝင်များမှ ဝင်ရောက်ဖောက်ထွင်းကာ ပစ္စည်းများသယ်ယူနေကြောင်း ဒေသခံပြည်သူလူထုသတင်းပေးပို့မှုအရ နယ်မြေခံတပ် စစ်ကြောင်းမှ ဝင်ရောက်ရှင်းလင်းရာ ၁ နာရီခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။


အလားတူ ယမန်နေ့  နံနက်ပိုင်းက နယ်မြေခံတပ်မဌာနချုပ် အနီးရှိ ကာကင်းစခန်းများသို့ AA အကြမ်းဖက်အဖွဲ့များ ထပ်မံချဉ်းကပ်လာသောကြောင့်  နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး ကျောက်တော်တပ်နယ် ရန်သူ့လက်အောက် မကျရောက်စေရေးအတွက် နယ်မြေခံတပ်ရင်း ၃ ရင်းမှ တပ်မတော်သားများ တပ်မဌာနချုပ်တွင် ပြန်လည်စုစည်းကာ အပြင်းအထန်ခုခံ တိုက်ခိုက်လျက်ရှိနေကြောင်း သိရသည်။


ယမန်န့ နံနက်ပိုင်း ၇ နာရီခန့်က နယ်မြေခံတပ်ရင်းဖြစ်သည့် ခမရ ၃၇၈ တပ်ရင်းအား AA အကြမ်းဖက်အဖွဲ့ဝင်များမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရင်ဆိုင်ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း၊ သောင်းကျန်းသူရှိရာနေရာများသို့ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့် ချေမှုန်းတိုက်ခိုက်လျက်ရှိနေကြောင်း သိရသည်။


ယမန်နေ့ ညနေပိုင်းက နယ်မြေခံတပ် ခမရ ၃၇၉ နှင့် ခမရ ၅၄၁ တပ်တို့အား လာရောက်နှောက်ယှက် ပစ်ခတ်ခဲ့ခြင်းရှိခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။


နှစ်ဖက်တိုက်ပွဲများအတွင်း AA အကြမ်းဖက်အဖွဲ့မှ ဒဏ်ရာရ/သေဆုံး များပြားခဲ့ပြီး တပ်မတော်သားများနှင့် ရဲတပ်ဖွဲဝင်အချို ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း၊ အဆိုပါနေရာများမှလွဲ၍ ကျန်မြိုများတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိကြောင်းနှင့် AA အကြမ်းဖက်အဖွဲ့ရှိရာ နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် နိမ်နင်းခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို့/ရွာများအား လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူနေထိုင်ရနေရာများ/ ဈေးများအား Drop Boom များကြဲ၍ မီးရှိဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း၊ အကြမ်းဖက်သင်တန်း မတက်မနေရ တက်ခိုင်းကာ သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်သိုစေလွှတ်ခြင်း၊ ဘူးသီးတောင်/မောင်တောရှိ မွတ်ဆလင်များအား “ဗလီဆောက်ပေးမည်၊ လွတ်လပ်စွာသွားလာခွင့်ပေးမည်၊ တစ်ဖက်နိုင်ငံသို့ရောက်ရှိနေသည့် မွတ်ဆလင်များအား ပြန်ခေါ်ပေးမည်” ဟုစည်းရုံးကာ လူသစ်စုဆောင်းနေခြင်း စသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်နေသည့် အပြင် နယ်မြေခံ တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မြို့များအား တိုက်ခိုက်နေသည့် အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များနှင့် မိသားစုဝင်များမှ အရေးကြီးနေရာများ၊ တပ်ရင်းဌာနချုပ်နှင့် စခန်းများ ရန်သူ့လက်အောက် မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက် ချေမှုန်းလျက်ရှိသည်။


Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)