မူးယစ်ရာဇာ ထွန်းမြင့်နိုင် နှင့် ပြည်ဖျက်မီဒီယာ BBC အင်တာဗျူး သုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူးယစ်ရာဇာ ထွန်းမြင့်နိုင် နှင့် ပြည်ဖျက်မီဒီယာ BBC အင်တာဗျူး သုံးသပ်ချက်



BBC သတင်းဌာနဆိုတာ အင်္ဂလန်(ဗြိတိန်) အစိုးရရဲ့ လက်ကိုင်တုတ် မီဒီယာဖြစ်ပါတယ်။ ဒီသတင်းဌာနမှာ ဗမာအပါအဝင် တိုင်းရင်းသားမျိုးစုံ လူ့ငနွား တိုင်းဖျက် ပြည်ဖျက် လုပ်ချင်သူတွေ အလုပ် လုပ်နေကြပါတယ်။ ရခိုင်ပြည်သူများအားလုံးလည်း သိထားပြီးသားပါ။ BBC သတင်းဌာနက သတင်းထောက်ဆိုသူများဟာ ဘင်္ဂလီများကို လူမျိုးလိမ်အမည်နဲ့ အသိအမှတ်ပြုပေးဖို့ လှုပ်ရှားရာမှာ တခြားသော ဌာနတွေထက်ကို ပိုကဲပါတယ်။

BBC သတင်းဌာန သတင်းထောက်နဲ့ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ခေါင်းဆောင် ထွန်းမြင့်နိုင်တို့ အင်တာဗျူးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ မေးမြန်းသူကလည်း အကြမ်းဖက်လှုပ်ရှားမှုတွေ ဘယ်လောက်အထိ တိုးမြှင့်လုပ်ဆောင်ဖို့ ရှိသလဲဆိုတာကို ဦးတည်မေးမြန်းခြင်းဖြစ်သလို မူးယစ်ရာဇာ ထွန်းမြင့်နိုင် ကလည်း ရခိုင်ဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ လေကြီးလေကျယ် ဖြေဆိုတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

BBC က သတင်းထောက် ရဲ့ ရည်ရွယ်ချက်ကလည်း တိုင်းဖျက်ပြည်ဖျက်လုပ်ဖို့ ဘယ်လောက်အထိ ပြင်ဆင်ထားသလဲဆိုတာကို ရည်ရွယ်မေးမြန်းခြင်း ဖြစ်သလို ပြည်သူလူထုအတိဒုက္ခရောက်အောင်လုပ်ပြီး ကိုယ်ကျိုးရှာမယ့် ထွန်းမြင့်နိုင် ကလည်း သူ့ရဲ့ရည်ရွယ်ချက် တိုင်းဖျက်ပြည်ဖျက်လုပ်ငန်းတွေကို ပြောဆိုသွားခြင်းပဲ ဖြစ်ပါတယ်။

ယနေ့ အစိုးရက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်ပေးနေချိန်မှာ ဖွံ့ဖြိုးတိုးတက်မှာကို မလိုလားတဲ့ ပြည်ဖျက်မီဒီယာတွေနဲ့ လူ့ငနွား အကြမ်းဖက်သမားတွေက ဟန်ချက်ညီညီ ရခိုင်ပြည်သူလူထုကို လူမျိုးရေးအရ သိမ်းသွင်းပြီး အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်ကျူးလွန်မယ်ပဲ ပြောပါတော့ဗျာ။

ဆိုတော့ နစကအစိုးရသက်တမ်းအတွင်းမှာ တည်ငြိမ်အေးချမ်းမှု အပြည့်ရှိခဲ့တဲ့ ရခိုင်ပြည်မှာ AA က စစ်မီးမွှေးလိုက်ပြီးနောက် ကျောင်းတက်ရာခိုင်နှုန်း သိသိသာသာ လျော့ကျသွားတယ်။ ကျောင်းတက်ရမယ့် ကလေးတွေ ကျောင်းမတက်နိုင်ကြတော့ဘူး။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေဟာ သူများ သားသမီးတွေကိုသာ အဲဒီလို အတိဒုက္ခရောက်အောင် လုပ်တာ၊ သူတို့ သားသမီးတွေကိုတော့ ဘေးလွတ်ရာရွှေ့ထားပြီး ပညာရေးကို အပြတ်မခံဘူး။

မူးယစ်ရာဇာ ထွန်းမြင့်နိုင်ရဲ့ ရည်ရွယ်ချက်အရ ရခိုင်ပြည်သူတွေ ဒီထက်ပိုပြီး ဒုက္ခရောက်ဖို့ ရှိတယ်။ အစိုးရအနေနဲ့လည်း အဟောသိကံ ပျက်စီးဆုံးရှုံးရမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးတွေ မလုပ်စေချင်ပါဘူး။ နိုင်ငံတော်ဘဏ္ဍာငွေတွေကို အလကားဖြုန်းတီးသလို ဖြစ်ပါလိမ့်မယ်။ အကြမ်းဖက်နှိမ်နင်းရေးကို ပြတ်ပြတ်သားသားလုပ်ပြိး ရင်းနှီးမြှုပ်နှံထားတာတွေကို မဆုံးရှုံးအောင် ကာကွယ်ရမှာ ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်မှာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ ဆုံးရှုံးခဲ့ရပေါင်းလည်း များပြီဖြစ်လို့ အဟောသိကံ အဆုံးရှုံးခံမယ့်အစား အကြမ်းဖက်နှိမ်နင်းရေးကို ပြတ်ပြတ်သားသား လုပ်ဆောင်သင့်ပါတယ်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမှာကို မရှုစိမ့်တဲ့ ပြည်ဖျက်မီဒီယာတွေနဲ့ အကြမ်းဖက်သမားတွေက ရခိုင်ပြည်သူတွေကို ရှေးယခင်ကလိုပဲ တောထဲ တောင်ထဲ လမ်းပမ်းဆက်သွယ်ရေးက အဆင်မပြေတဲ့ ဘဝမျိုးကိုပဲ မြင်ချင်တဲ့ သဘောမျိုး တွေ့ကြရပါလိမ့်မယ်။ 

မူးယစ်ရာဇာ ထွန်းမြင့်နိုင် က ပြည်ပက ပေးကမ်းထောက်ပံ့မှုနဲ့ ရခိုင်ပြည်သူလူထုကို အတိဒုက္ခရောက်အောင် လုပ်နေချိန်မှာ ရခိုင်ပြည်သူများအနေနဲ့ ကိုယ့်သားသမီးတွေရဲ့ ပညာရေး နစ်မွန်းမခံနိုင်ရင်တော့ ရန်ကုန်၊ ပုသိမ်တို့ကို ပြောင်းရွှေ့ပြီး ထားကြပေတော့။ ထွန်းမြင့်နိုင်ရဲ့ လက်ချက်နဲ့ ရခိုင်ပြည်သူတွေ ပိုပြီး အတိဒုက္ခရောက်ရပါလိမ့်မယ်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)