နိကာယ်ငါးရပ် ပိဋကသုံးပုံ စာသင်တိုက်ကြီးတွင် ပဌာန်းသိမ်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိကာယ်ငါးရပ် ပိဋကသုံးပုံ စာသင်တိုက်ကြီးတွင် ပဌာန်းသိမ်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ








MNP ၊ ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ် အတွင်းရှိ နိကာယ်ငါးရပ် ပိဋကသုံးပုံ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဖြစ်တော်မူသော ရွှေရတုတိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက တိပိဋကပါဠိပါရဂူ ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (မော်ကျွန်းဆရာတော်)၏ သက်တော် ၆၀ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော နေ့/ညဉ့် အသံမစဲမဟာပဌာန်းပွဲ ပိတ်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့ ညနေ(၄ ၀၀)အချိန်တွင် အဆိုပါကျောင်းတိုက်အတွင်းရှိ သိမ်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပဌာနသမဏ ဆရာတော်တစ်ပါးမှ ပဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် ပဌာန်းအကျိုးများကိုမိန့်ကြားခဲ့ပြီး မွေးနေ့ရှင် ရွှေရတုတိပိဋကဓရ  ဆရာတော်ကြီးနှင့် ဆရာတော်များကို လှုဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှုဒါန်းခဲ့ကြသည်။ ဆက်လက်၍ ကြွရောက်လာသောဆရာတော်သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပေးခဲ့ပြီး ရွှေရတုတိပိဋက ဆရာတော်ကြီးမှ သာဓုအနုမောဒနာ တရားတော်ဟောကြားချီးမြှင့်ပေးခဲ့ပြီး လှုဒါန်းမှုအစုစုတိုအတွက် ရေစက်သွန်ချ အမျှအတန်းပေးဝေကာ ပဌာန်းသိမ်းပွဲအောင်မြင်စွာပြီးဆုံးခဲ့သည်။

အဆိုပါ ပဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဒဂုံမြိုသစ်ခရိုင်ဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေး နှင့် မြိုနယ်ကော်မတီဝင်များ တက်ရောက်၍ ပူဇော်ခဲ့ကြသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)