မင်းကိုနိုင် နှင့်ပေါက်ကြီး လိမ်ညာမှိုင်းတိုက်ခြင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းကိုနိုင် နှင့်ပေါက်ကြီး လိမ်ညာမှိုင်းတိုက်ခြင်း

 



အကြမ်းဖက်လှုံ့ဆော်မှုနဲ့ ပထမဆုံး ဝရမ်းထုတ်ခံရတဲ့ အဖွဲ့ထဲမှာ မင်းကိုနိုင် ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။ အမှုဖွင့် ဝရမ်းထုတ်ခံရပြီ နယ်စပ်ကနေ ပထမဆုံး ပြည်ပကို ထွက်ပြေးသွားတဲ့ အထဲမှာ မင်းကိုနိုင်ပါဝင်ပါတယ်။ မင်းကိုနိုင် အမေရိကန်ကို ရောက်ပြီးမှ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို အစရှိတဲ့ အကြမ်းဖက်လှုံ့ဆော်သူတွေ တစ်ယောက်ပြီး တစ်ယောက် အမေရိကန် CIA နဲ့ ကုလရဲ့ အကူအညီနဲ့ ထွက်သွားခဲ့ကြတာ ဖြစ်ပါတယ်။

မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့က အမေရိကန်ကို ရောက်ရှိကြောင်း စားပွဲသောက်ပွဲ ဧည့်ခံပွဲတွေနဲ့ မြင်တွေ့ရပေမယ့် အကြမ်းဖက်ခေါင်းဆောင် မင်းကိုနိုင်ကတော့ သူ အမေရိကန်ကို ရောက်ရှိ ခိုလှုံနေပြီဖြစ်ကြောင်း အထင်အရှား မပြသခဲ့ပါဘူး။ သူ့ရဲ့ အကြမ်းဖက်လှုံ့ဆော် facebook စာမျက်နှာကနေ ရုပ်သံတွေထုတ်လွှင့်တဲ့အခါ သူဟာ တောတွင်းတစ်နေရာမှာ ရှိနေသယောင် ဟန်လုပ်ပြခဲ့ပါတယ်။

အခု ရက်ပိုင်းအတွင်း ဒါရိုက်တာပေါက်ကြီးနဲ့ မင်းကိုနိုင် အတူတကွ တိုက်ပွဲဝင်နေသယောင် ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဓာတ်ပုံတွေက ပီပြင်မှုမရှိဘဲ မင်းကိုနိုင် (ခ) ခေါကြီး ရဲ့ ရုပ်ပုံဟာ ကြွက်စုတ်ရေနစ်တဲ့ပုံ ဖြစ်နေပါတယ်။

ခေါကြီး နဲ့ ပေါက်ကြီး တို့ အခုလို လိမ်ညာဖန်တီး ဝါဒဖြန့်ချိမှုတွေ ဘာကြောင့် လုပ်နေတာလဲ။ လူငယ်တွေကို ဂျင်းထည့်ဖို့သာ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် အကြမ်းဖက်လှုပ်ရှားမှုအတွင်းမှာ အတူတကွ ရှိနေသယောင် လူငယ်များကို ဂျင်းထည့်ခြင်းပဲ ဖြစ်ပါတယ်။ အကြမ်းဖက်လှုပ်ရှားမှု စတင်ပါပြီဆိုကတည်းက ခေါကြီး ဟာ လေလှိုင်းပေါ်ကသာ အဓိကလှုံ့ဆော်ပြီး ခဏတဖြုတ် လူလုံးထွက်ထွက်ပြပြီး လူငယ်တွေကို အကြမ်းဖက်လမ်းစဉ်ပေါ်ရောက်အောင် စွဲခေါ်ခဲ့ခြင်းဖြစ်ပါတယ်။ အမေရိကန်ကို ရောက်ရှိနေသည့်တိုင်အောင် လွတ်မြောက်နယ်မြေကို ရောက်ပြီဖြစ်ကြောင်း မပြောခဲ့ပါဘူး။

ရည်ရွယ်ချက်တွေမှားတယ်။ လုပ်ဆောင်ချက်တွေမှားတယ်။ လူငယ်တွေကို သေတွင်းထဲ တွန်းပို့ဖို့ ခေါကြီး၊ ပေါက်ကြီး တို့ ရဲ့ လုပ်ကြံဖန်တီး ဝါဒဖြန့်ချိမှုတွေနဲ့ ဂျင့်ထည့်နေတဲ့ လုပ်ရပ်တွေဟာ လူငယ်တွေကို အထိနာစေတယ်။ ကျည်လွတ်မြေမှာ နေထိုင်ပြီး အကြမ်းဖက်လှုပ်ရှားမှုမှာ အတူတကွ ရှိနေသယောင် ဟန်လုပ်ပြနေခြင်းက ခေါကြီး ၊ ပေါက်ကြီး တို့ရဲ့ မရိုးသားမှုကို ထင်ရှားစွာ သိမြင်စေမှာ ဖြစ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)