စလင်းမြို့နယ်တွင် မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး


MNP ၊ ဖေဖဝါရီ ၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်း မြောက်ရှားတောကျေးရွာအုပ်စု တောင်သူဦးခင်မောင်လွင်၏ အာလူးစိုက်ခင်းနှင့် ဖောင်းလင်းကျေးရွာအုပ်စု ဖောင်းလင်းကျေးရွာ တောင်သူဦးစိုးမင်းထွန်း၏ နေကြ (ရေဆင်းစပ်မျိုး) နှင့် စားတော် (အာမဲ) သီးညှပ်စိုက်ပျိုးဖြစ်ထွန်းနေမှုအား ယမန်နေ့ နံနက် (၁၁) နာရီ ၅၅ အချိန်က သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားစေရေး ဒေသခံတောင်သူများနှင့်တွေ့ဆုံ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် အဖွဲ့၊ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ သက်ဆိုင်ရာဌာနဆိုင်ရာများက ဆင်ဖြူကျွန်းမြို့ မြောက်ရှားတောကျေးရွာအုပ်စု ကွင်းအမှတ် (၄၃၃) ဦးပိုင်အမှတ် (၁၆၆) ဧရိယာ (၃.၁၁) ဧကရှိ တောင်သူဦးခင်မောင်လွင်၏ အားလူးစိုက်ခင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ဒုတိယဝန်ကြီးချုပ် ဒေါက်တာတင်ထွဋ်က တောင်သူလယ်သမားများ၏ ဘဝဘက်စုံဖွံဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက်မှုများမှ အာလူး၊ စားတော်ပဲနှင့်သီးနှံစုံ စိုက်ပျိုးထုတ်လုပ်မှု အားမေးမြန်းရာ မကွေးတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးယဥ်ထွန်းက စလင်းမြို့နယ်အတွင်း ရာသီအလိုက် စိုက်ပျိုးဖြစ်ထွန်းမှုတို့ကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က တောင်သူလယ်သမားများအား မျိုး၊ မြေ၊ ရေ နည်းစနစ်မှန်ကန်စွာ အသုံးချနိုင်ရေးနှင့်တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက်များကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေးဆောင်ရွက်နေမှုများကို ပြောကြားခဲ့သည်၊ ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ ကစိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်သည့် ပံပိုးကူညီမှုများပေးရန် တောင်သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကာ ဒေသခံပြည်သူများအား တစ်ဦးချင်းစီ စိုက်ပျိုးရေးကဏ္ဍများကိုမေးမြန်းခဲ့ကာ ဒေသခံတောင်သူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖောင်းလင်းကျေးရွာအုပ်စု၊ ဖောင်းလင်းကျေးရွာ၊ ကွင်းအမှတ် (၆၄၈) ဦးပိုင်အမှတ် (၂၂၉) ဧရိယာ (၂.၆၇) ဧကအတွင်း တောင်သူဦးစိုးမင်းထွန်း၏ နေကြာ (ရေဆင်းစပ်မျိုး) နှင့် စားတော် (အာမဲ) သီးညှပ်စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးကော်မတီဝင်များး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများလိုအပ်သည့် လမ်းပြင်ထိန်း၊ ဖောင်းလင်းကျေးရွာနှင့် ပေါက်လေးပင်ကျေးရွာအုပ်စု ရွာခြင်းဆက်လမ်းပြင်ထိန်းနှင့် ဖောင်းလင်းကျေးရွာအနီးရှိ တံတားတို့အား ပြင်ထိန်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးရန် ဆွေးနွေးမှာကြားခဲ့ပြီး ဒေသခံတောင်သူများနှင့် အမှတ်တရဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)