MNP ၊ ဖေဖော်ဝါရီ ၈
ဒီမော့ဆိုရှိ စစ်ဘေးရှောင်ကလေးငယ်များ၏ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု (၅-၂-၂၀၂၄) ရက်နေ့က ပြည်ဖျက်မီဒီယာများတွင် လုပ်ကြံဖန်တီးရေးသားဖော်ပြမှုများ လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖော်ထုတ်တွေ့ရှိချက်များအရ KNDF, PDF အကြမ်းဖက်သမားများက ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီး ဖော်ပြနိုင်ရန် ဓာတ်ပုံမှတ်တမ်းများ လိမ်ညာဖန်တီးပြီး ပြည်ဖျက်မီဒီယာများကို ပေးပို့ကာ ပူးပေါင်းလုပ်ကြံ လီဆည်ဖော်ပြခဲ့သော မှတ်တမ်းများကို တွေ့မြင်ရသည်။
အဆိုပါ စာသင်ကျောင်းတွင် KNDF, PDF အကြမ်းဖက်သမားများ ရှိနေပြီး လုပ်ကြံဖန်တီးဖော်ပြနိုင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
ပိတ်ထားသည့် စာသင်ကျောင်းတွင် လုပ်ကြံသတင်းဖန်တီးနိုင်ရန် လွယ်အိတ်များ၊ စာအုပ်များဖြင့် ပြင်ဆင်၍ ကလေးငယ်များကို အသုံးချကာ ဖန်တီးပုံဖော်ခဲ့ကြခြင်းဖြစ်သည်။
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ၊ ပြည်ဖျက်မီဒီယာများနှင့် ပြည်တွင်းရှိ အကြမ်းဖက်သမားများသည် ကုလသမဂ္ဂ(UN)တွင် မြန်မာ့အရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် ရှိသည့်အခါ ရက်စက်ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်များကို ဖန်တီးပုံဖော်လေ့ရှိကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပင်လောင်းမြို့နယ်၊ နန့်နိမ်ရွာတွင် ကျောင်းထိုင်ဆရာတော်နှင့် ရွာခံ ပအိုဝ်းတိုင်းရင်းသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကို KNDF က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တပ်မတော်က လုပ်သယောင် BBC, VOA, RFA ဦးဆောင်သော ပြည်ပမီဒီယာများနှင့် ပြည်ပြေး မီဒီယာများဖြစ်ကြသည့် DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အစရှိသော မီဒီယာများက စုပေါင်းလုပ်ကြံဖန်တီး ဖော်ပြမှုများ လုပ်ဆောင်ခဲ့ကြသည်။
ဒီမော့ဆိုဖြစ်စဉ်နှင့် ပတ်သက်၍ Khit Thit Media က "ဒီးမော့ဆိုရှိ စစ်ဘေးရှောင်ကလေးငယ်များ၏ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရ" မှန်ကန်ခြင်းမရှိသော အချက်အလက်များကို အကြမ်းဖက်သမားများထံမှ ရယူ၍ ဖော်ပြခဲ့သည်ကို တွေ့မြင်ရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment