ဟင်္သာတ တက္ကသိုလ်တွင် (၁၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင် ပေးအပ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတ တက္ကသိုလ်တွင် (၁၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင် ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

 




MNP ၊ ဖေဖော်ဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမတွင် (၁၉) ကြိမ်မြောက် (နေ့သင်တန်း) ဘွဲ့နှင်းသဘင် ပေးအပ်ပွဲ  အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် တစ်ကြိမ် မွန်းလွဲ ၁ နာရီတွင် တစ်ကြိမ် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတတက္ကသိုလ် (နေ့သင်တန်း)မှ ယခုနှစ်တွင်  ကျောင်းသား/ကျောင်းသူ ဘွဲ့ရ မောင်/မယ် စုစုပေါင်း (၇၇၇) ဦးရှိသည့်အနက်၊ ယနေ့ ပထမနေ့ နံနက်ပိုင်းတွင် ၁၉၅ ဦး ၊ နေ့လည်ပိုင်းတွင် ၁၈၃ ဦး စုစုပေါင်း   ၃၇၈ ဦးတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဘွဲ့များ အသီးသီး ပေးအပ်ခဲ့ပြီး (၁၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင် ဒုတိယနေ့ကို ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် အဆိုပါနေရာ၌ ဆက်လက် ကျင်းပပြုလုပ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)