ဒိုက်ဦးမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ နွေစပါးစိုက်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒိုက်ဦးမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ နွေစပါးစိုက်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပ



MNP ၊ဖေဖော်ဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၀) အုပ်စုမှ နွေစပါးစိုက် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့‌ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ချေးငွေများ ထောက်ပံ့ထုတ်ချေးနေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဗျိုင်းချယ်၊ ဆင်ဇလုပ်၊ ဒိုးတန်း၊ တမံကြီး၊ ကတုတ်ရွာမ၊ ကတုတ်ဘုရားကြီး၊ ပုကိုင်၊ ဖအောင်းစု၊ ဖောင်တော်သီ၊ နှင့်ပျဉ်းမလွင် ကျေးရွာအုပ်စုအတွင်းရှိ နွေစပါး စိုက်ပျိုးဧက (၁၆၅၀)ဧကအတွက် ချေးငွေကျပ်သိန်း (၃၃၀၀)အား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများကို သတ်မှတ် စာချုပ်စာတမ်းများ ပြည့်စုံစွာဖြင့် ထောက်ပံ့ထုတ်ချေးပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)