အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ပန်းတောင်း)တွင် လုပ်ငန်းခွင်ဝင်ရောက်နေသည့် ကျောင်းသားဟောင်းများ၏ အတွေ့အကြုံဖလှယ်ခြင်း (Knowledge Sharing) ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ပန်းတောင်း)တွင် လုပ်ငန်းခွင်ဝင်ရောက်နေသည့် ကျောင်းသားဟောင်းများ၏ အတွေ့အကြုံဖလှယ်ခြင်း (Knowledge Sharing) ပြုလုပ်




MNP ၊ ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် လုပ်ငန်းခွင် ဝင်ရောက်နေကြသည့်၊ ကျောင်းသားဟောင်းကြီးများ၏ လုပ်ငန်းဆိုင်ရာအတွေ့အကြုံရှင်းလင်း ဖလှယ်ခြင်း(Knowledge Sharing) ပြုလုပ်ခြင်းကို ယနေ့နံနက်(၉)နာရီမှ မွန်းလွဲ (၁၂)နာရီအထိ အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအတွင် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ရီရီမွန်က ကျောင်းသားဟောင်းများထံမှ အတွေ့အကြုံကောင်းများရရှိစေမည့် တွေ့ဆုံပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ကျောင်းသားဟောင်းကြီးများက တစ်ဦးချင်းမိတ်ဆက်ကြသည်။ ယင်းနောက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဦးဖြိုးစည်သူကျော်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဦးဝေလင်းအောင်၊ SPH Constriction, IGTrading ကုမ္ပဏီမှ ဦးရာဇာထွန်းနှင့် ရတီပြည့်လျှံ ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးအံ့ကျော်တို့က ကျောင်းပြီးချိန်မှ လုပ်ငန်းခွင်ဝင်ရောက်ခဲ့ပြီး  ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားကြပြီး၊ မိမိတို့ မေဂျာအလိုက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိရန်နှင့် မိမိတို့လျှောက်မည့် ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြေပြတ်မခံဘဲ အရောက်သွားမည်ဆိုသည့် ခံယူချက်ဖြင့် ကြိုးစားကြရန် ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ကျောင်းသားကျောင်းသူလေးများက မေဂျာအလိုက် လုပ်ငန်းခွင်ဝင်ရောက်ရာတွင် တွေ့ကြုံနိုင်မည့်အခက်အခဲများနှင့် မည်သို့ရင်ဆိုင်ဖြတ်သန်းရမည်များကို မေးမြန်းကြရာ ကျောင်းသားဟောင်းများက ၎င်းတို့ ရင်ဆိုင်တွေ့ကြုံခဲ့သည့် အခြေအနေများနှင့် အောင်မြင်အောင် ကျော်လွှားနိုင်ခဲ့ပုံတို့ကို ပြန်လည်မျှဝေ၍ အားပေးစကား ပြောကြားကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် ကျောင်းအုပ်ဆရာမကြီးက Knowledge Sharing ပြုလုပ်ပေးခဲ့ကြသည့် ကျောင်းသားဟောင်းများအား အမှတ်တရလက်ဆောင်များ ပေးအပ်၍ ဒုတိယ ကျောင်းအုပ် ဆရာကြီး ဦးဟန်ဝင်းအောင်က ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာရီရီမွန်၊ ဒုတိယကျောင်းအုပ်ကြီး ဦးဟန်ဝင်းအောင်နှင့် ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဒုတိယနှစ်နှင့် တတိယနှစ် မေဂျာပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၂၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


နေအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)