ပွင့်ဖြူမြို့နယ်၌ ကျေးရွာနေပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံအသိပေး နှိုးဆော် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ကျေးရွာနေပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံအသိပေး နှိုးဆော်

 


MNP ၊ ဖေဖဝါရီ  ၅

ပွင့်လင်းရာသီချိန်ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့က ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စုနှင့် ကုန်းဇောင်းကျေးရွာအုပ်စုသို့ ကွင်းဆင်းသွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို  လိုက်လံသတိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ကျေးရွာနေပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦရဲလင်းနောင်၏ ကြီးကြပ်မှုဖြင့် ကျောင်းတော်ရာနယ်မြေမီးသတ်စခန်းနှင့် ကုန်းဇောင်းနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်လင်းရာသီကာလတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် နေအိမ်များတွင် မီးဘေးကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိရန်၊ လျှပ်စစ်မီးများ တပ်ဆင်အသုံးပြုရာ၌ စနစ်တကျ ကိုယ်တွယ်အသုံးပြုကြရန်၊ မီးသွေး/ ထင်းမီးဖိုများဖြင့် ထမင်း၊ ဟင်းများ ချက်ပြုတ်ပြီးပါက မိုးဖိုမီးကြွင်း/မီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ထားရှိရန်၊ ကျေးရွာအတွင်း မီးငြှိမ်းသတ်ယာဉ်များ အဆင်ပြေစွာ ဝင်ထွက်သွားလာနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန်၊ မီးလောင်မှုနှင့် မီးလန့်မှုများ ဖြစ်ပေါ်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံကြရန၊ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ မီးသတ်တပ်ဖွဲ့ဥပဒေပုဒ်မ ၁၆(က)အရ ထုတ်ပြန်သော မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များကို အလေးထားလိုက်နာဆောင်ရွက်သွားရန် စသည့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လိုက်လံသတိပေး နှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ပွင့်လင်းရာသီကာလ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်က ပြောသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)