အကြမ်းဖက်လှုံ့ဆော်သူအဖြစ် တိုင်ကြားခြင်း ခံထားရသော ပန်ဆယ်လို ဆိုသူ အမျိုးသမီးအား အမေရိကန် FBI က ဖမ်းဆီးခြင်း မရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်လှုံ့ဆော်သူအဖြစ် တိုင်ကြားခြင်း ခံထားရသော ပန်ဆယ်လို ဆိုသူ အမျိုးသမီးအား အမေရိကန် FBI က ဖမ်းဆီးခြင်း မရှိ



MNP ၊ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံအတွင်း ဆူပူအကြမ်းဖက်လှုံ့ဆော်မှုကြောင့် ဝရမ်းထုတ်ခြင်းခံရပြီး အမေရိကန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ပန်ဆယ်လို ဆိုသူ NLD လော်ဘီအမျိုးသမီးအား အမေရိကန်နိုင်ငံသား တစ်ဦးက အကြမ်းဖက်လှုံ့ဆော်သူအဖြစ် တိုင်ကြားခဲ့သော်လည်း FBI က ယနေ့တိုင် ဖမ်းဆီးအရေးယူခြင်း မရှိသေးပေ။

မင်းကိုနိုင်၊ မျိုးရန်နောင်သိန်းနှင့် ပန်ဆယ်လို တို့သည် အကြမ်းဖက်လှုံ့ဆော်သူများဖြစ်ကြောင်း အထောက်အထားများဖြင့် အမေရိကန်နိုင်ငံသားတစ်ဦးက FBI တွင် တိုင်ကြားထားခြင်း ဖြစ်သည်။

ရက်ပိုင်းအတွင်းက ပန်ဆယ်လိုသည် မြန်မာနိုင်ငံအတွင်းမှ PDF အကြမ်းဖက်အဖွဲ့အတွက် ကောက်ခံရရှိသော အလှူငွေများဖြင့် အမေရိကန်တွင် အိမ်ဝယ်ယူခဲ့သည့်အတွက်လည်း အမှုဖွင့်တိုင်ကြားမည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။

CIA က ၎င်းတို့ ကြိုးကိုင်ထားသည့် အကြမ်းဖက်လှုံ့ဆော်သူများကို ဖမ်းဆီးအရေးယူဆောင်ရွက်မည်မဟုတ်ကြောင်း၊ အကြမ်းဖက်လှုံ့ဆော်ရန် ၎င်းတို့မွေးထားသူများ ဖြစ်ခြင်းကြောင့် မဖမ်းခြင်းဖြစ်ကြောင်း၊ အမေရိကန်ကို ဒုက္ခပေးမည့် အကြမ်းဖက်လှုံ့ဆော်သူတွေမဟုတ်ဘူး၊ မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ဖို့ CIA က မွေးထားတဲ့သူတွေ မို့လို့ မဖမ်းတာ၊ အမေရိကန်ကို ဒုက္ခပေးမယ့်သူဆိုရင် တစ်မိနစ်၊ တစ်စက္ကန့်တောင် အချိန်ဆိုင်းမနေဘူး၊ တခါတည်း သတ်ပစ်လိုက်လိမ့်မယ် ဟု လေ့လာသူတစ်ဦးက ပြောသည်။

ယနေ့ နံနက် အကြမ်းဖက်လှုံ့ဆော်သူ ပန်ဆယ်လိုက LA က စစ်အာဏာရှင်ဆန့်ကျင်ရေး သုံးနှစ်ပြည့်လူထုလမ်းလျှောက်ချီတက်ပွဲ သွားရောက်ပါဝင်ခဲ့ကြောင်း ရေးသားဖြန့်ဝေထားသည်ကို တွေ့ရသည်။ အမေရိကန် နိုင်ငံတွင် ခိုလှုံနေသည့် မြန်မာနိုင်ငံသားအများစုသည် မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသော်လည်း အမေရိကန်အစိုးရ၊ CIA တို့သည် အကြမ်းဖက်အုပ်စုများကို နောက်ကွယ်မှ ကြိုးကိုင်နေသူများဖြစ်ခြင်းကြောင့် အကြမ်းဖက်လှုံ့ဆော်သူများကို ခိုလှုံခွင့်ပေးကာ မီဒီယာမျိုးစုံမှ အကြမ်းဖက်လှုံ့ဆော်မှုများ စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်းဖြစ်သည်။


Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)