ကံမမြို့နယ်၌ နွေစပါးစိုက်ပျိုးမည့် ဧရိယာများအား စုပေါင်းလယ်ကြားမြောင်းဖောက်လုပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကံမမြို့နယ်၌ နွေစပါးစိုက်ပျိုးမည့် ဧရိယာများအား စုပေါင်းလယ်ကြားမြောင်းဖောက်လုပ်ပွဲကျင်းပ



MNP  ၊‌ဖေဖဝါရီ ၅

သရက်ခရိုင်၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးမည့် ဧရိယာများတွင် စုပေါင်းလယ်ကြားမြောင်းဖောက်လုပ်ပွဲကို ယနေ့နံနက်ပိုင်းက ပွတ်စုကျေးရွာအုပ်စု၊ ပွတ်စုကျေးရွာ၊ ကွင်းအမှတ် (၁၆၂-ခ) တွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးက လယ်ကြားမြောင်း ဖောက်လုပ်ရခြင်း ရည်ရွယ်ချက်ကို ဆွေနွေးမှာကြားပြီး    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က နွေစပါးလျာထား (၁၈၂၇) ဧက ပြည့်မီအောင် စိုက်ပျိုးရေး၊ တစ်ဧကတင်း(၁၅၀) ထွက်ရှိရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည့် ဆာဖိုးသာမျိုး ပြောင်းလဲစိုက်ပျိုးရေး၊ ပျိုးထောင်စိုက်နှင့် Seeder စိုက်အသုံးပြုလျက် စိုက်နည်းစနစ်မှန်ကန်ရေး၊ သွင်းအားစုများထည့်သွင်းရေး၊ လယ်ကြားမြောင်းများ ဖောက်လုပ်ရေး၊ ကွင်းဆင်းပညာပေးရေး၊ Water User Group များဖွဲ့စည်းရေး စသည့် ဆောင်ရွက်ထားရှိသည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက တောင်သူများ၏ စုပေါင်းလယ်ကြားမြောင်း ဖောက်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် နွေစပါးစိုက်ပျိုးမည့် ကျေးရွာအုပ်စု (၁၃) အုပ်စုမှ ကျေးရွာအုပ်စုလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ခေါင်းဆောင်များ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး နွေစပါးစိုက်ပျိုးမည့် တောင်သူများအား အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)