မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနား တက်ရောက်




MNP ၊ ဖေဖော်ဝါရီ  ၅

ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကမ္ဘာတစ်ဝန်း သဘာဝဘေးဖြစ်ပွားရသည့် အကြောင်းများကို လေ့လာကြည့်ပါက ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲလာမှု၊ ကမ္ဘာ့လူဦးရေတိုးပွားလာမှု၊ ရုပ်ကြွင်းလောင်စာများကို အမြောက်အများ အသုံးပြုမှု၊ လူမှုရေးစနစ် ပြောင်းလဲလာမှုနှင့်အတူ ဓါတုကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ ခေတ်မီဆန်းသစ်တဲ့ လက်နက်ဆန်းတွေ တီထွင်မှုများနဲ့ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများ ကြောင့်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်းမှာဖြင့် ရေဘေး၊ မြေပြိုဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးနဲ့ မီးဘေးများကို နှစ်စဉ်ကြုံတွေ့နေရကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု စက်ဝန်းဖြစ်သည့် ပထမအဆင့် ဘေးမဖြစ်ပွားမီအဆင့်တွင် ဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းခြင်း၊ သတိပေးချက်များကို ထုတ်ပြန်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ အသိပညာပေးခြင်း၊ ဘေးအန္တရာယ် တစ်ခုချင်းစီအလိုက် စီမံချက်များ ရေးဆွဲထားခြင်း စတဲ့အချက်များအတိုင်း ဆောင်ရွက်ရမှာ ဖြစ်‌ကြောင်း၊ဒုတိယအဆင့် ဘေးဖြစ်ပွားစဉ် အရေးပေါ်အခြေအနေမှာ ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ဘေးလွတ်ရာသို့ ရှောင်တိမ်းခြင်း၊ အရေးပေါ် အခိုအကာနဲ့ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်းစတဲ့ လုပ်ငန်းများကို ဆောင်ရွက်ရမှာဖြစ်ကာ နောက်ဆုံးအဆင့်ဖြစ်သည့် ဘေးဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများမှာ ပြည်သူလူထုအနေနဲ့ နဂိုမူလအခြေအနေများထက် ပိုမိုကောင်းမွန်တဲ့ဘဝတွေကို ပိုင်ဆိုင်ဖို့ဆိုတဲ့ ထိရောက်ပြီးစနစ်ကျတဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု နည်းလမ်းများကို လိုက်နာဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သဘာဝဘေး အန္တရာယ်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို သိရှိပြီးမိမိနေထိုင်ရာ တာဝန်ကျရာဒေသများသို့ ပြန်လည်ရောက်ရှိတဲ့အခါ  မိမိတို့ဆည်းပူးလေ့လာခဲ့တဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ပညာရပ်များကို ထိရောက်စွာအသုံးချပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဘေးအန္တရာယ်များမှ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်နိုင်ကြပါစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးသိန်းဌေးအောင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများထံ ထောက်ပံ့ငွေ (၁၀) သိန်းပေးအပ်ချီးမြှင့်ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်တန်းသားများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူး၍ သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။


အဆိုပါ ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်း (၅၀) ဦး တက်ရောက်မည် ဖြစ်ကာသင်တန်းကာလ (၅) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)