ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပခဲ့သည့် အစိုးရဓမ္မာစရိယပါဠိ ပထမပြန်စာမေးပွဲများအတွက် တတိယအကြိမ် စာအောင်ဆုနှင်းသဘင်အခမ်းအနားတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပခဲ့သည့် အစိုးရဓမ္မာစရိယပါဠိ ပထမပြန်စာမေးပွဲများအတွက် တတိယအကြိမ် စာအောင်ဆုနှင်းသဘင်အခမ်းအနားတက်ရောက်

 


MNP ၊ ဖေဖော်ဝါရီ ၂၇

ကချင်ပြည်နယ် အစိုးရအဖွဲ့က ဆရာတော်ကြီး၏ သြဝါဒခံယူ၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များ ပူးပေါင်း ပါဝင်လှူဒါန်းမှုဖြင့် ၂၀၂၃ ခုနှစ်တွင် အစိုးရဓမ္မာ စရိယပါဠိပထမပြန် စာမေးပွဲများကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး စာအောင် ရဟန်း/သံဃာ များအား တတိယအကြိမ် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နိုင်ငံတော်သံဃနာယကအဖွဲ့ဝင်၊ ခေမာသီဝံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကာ “ထူးမခြားနား” သီချင်းခန့်ဖြင့် ရောင်တော်ဖွင့်သီဆိုပူဇော်သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဟန်း ဒါယကာ၊ ဒါယိကာမများ၊ အလှူရှင်များက ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက သာသနာရေး ဆိုင်ရာများကို လျှောက်ထားတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး စာအောင်ဆုများကို ဆက်လက်အပ်နှင်းရာ သာသနဓဇဓမ္မာ စရိယဘွဲ့ရ ဆရာတော်များအား လည်းကောင်း၊ ပထမကြီးတန်းအောင်၊ ပထမလတ်၊ ပထမငယ် အောင် ရဟန်း၊ သာမဏ၊ သီလရှင်ဆရာတို့အားလည်းကောင်း၊ အခြေပြုမူလတန်းအောင် ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအားလည်းကောင်း စာအောင်ဆုလက်မှတ်နှင့် စာအောင်ဆုချီးမြှင့်ငွေနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် ဆရာတော်ထံမှ သမ္မောဒနိယ သြဝါဒကထာ တရားတော်များ နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်း အနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရာကန်တော့ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြပြီး ဝန်းသိုကျောင်းတိုက်၏ ဆရာတော်အရှင်သူမြတ်များနှင့် စာအောင်သံဃာ‌တော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)