မြဝတီမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံပွဲ ကျင်းပ








မြဝတီ ၊ ဖေဖော်ဝါရီ ၂၈

မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ မြစန္ဒီစင်မြင့်တွင် ယနေ့ နံနက် (၀၉ ၀၀) နာရီချိန်က သံဃာတော်များနှင့် ပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 ဟောပြောပွဲတွင် ဆရာတော် ဥူးတောဘိတ(ခ)စောကြယ်ဖြူမှ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ဆွေးနွေးပြောပြားခြင်း၊ ဒေါ်သန္တာထွန်း(ခ)မဖြူမှ ဆွေးနွေးထောက်ခံ ဟောပြောခြင်း၊ ဦးစိုင်းမျိုးညွှန့်ဦး (ခ)ကိုစိုင်း (မဘသ)မှ ထပ်လောင်းဆွေးနွေးဟောပြောထောက်ခံခြင်း များပြုလုပ်ခဲ့ပြီးနောက် ဟောပြောပွဲ တွင် ပြည်ထောင်စုမပြိုကွဲရေး (ဒို့အရေး)၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေး(ဒို့အရေး)၊ အချုပ်အခြာအာဏာတည်တံခိုင်မြဲရေး (ဒို့အရေး) ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံကြိုဆိုကြောင်း ကြွေးကြော်၍ ဟောပြောပွဲ အခမ်းအနားအား ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြဝတီမြို့တွင် ကျင်းပသော ပြည်သူ့စစ်မှုထမ်းဥပဒေထောက်ခံပွဲသို့ စိတ်ပါဝင်စားသော ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)