နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ (၁၆ ၁၅) အချိန် သက်သေများနှင့်အတူ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် မသင်္ကာဖွယ်တွေ့ရှိသူ မမာလာဝင်း(ခ)မာလာ အားစစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မမာလာဝင်း(ခ)မာလာ(၃၆)နှစ်အား တောင်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#News
No comments:
Post a Comment