MNP ၊ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အုတ်တွင်းမြို့နယ်၌ တောင်သူများအား နွေစပါး စိုက်ပျိုးနိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်ပျိုးလုပ်ကိုင်သူ တောင်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ ရန်ပုံငွေ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးအဖွဲ့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၆) အုပ်စုမှ တောင်သူဦးရေ (၂၅၀) တက်ရောက်ခဲ့ပြီးလယ်ဧက (၁၁၀၀) အတွက် တစ်ဧကလျှင် နှစ်သိန်းနှုန်းဖြင့် ငွေကျပ်သိန်း (၂၂၀၀)ကို ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်နိုင်ငံ့စီးပွား မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ထံမှ သိရသည်။
အေမင်းရည်စော
https://t.me/MyanmarNationalPost
No comments:
Post a Comment