ဖြူး၊ ဖေဖော်ဝါရီ ၂၇
ဖြူးမြို့နယ်၊ သိမ်ကုန်းရပ်ကွက်၊ ဗထူး(၆)လမ်းတွင်နေထိုင်သူ ခြူးခက်နွယ် (ဗမာအမျိုးသမီး) တစ်ဦးကို မွတ်စလင်အမျိုးသားတစ်ဦးက ယနေ့ နေ့လည် (၂ ၀၀)နာရီ ဝန်းကျင်ခန့်က လည်လှီးသတ်ဖြတ်သွားသော ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။
မြို့ခံတစ်ဦး က "ဖြစ်စဉ်ကတော့ (၂ ၀၀) နာရီဝန်းကျင်လောက်က ဖြစ်သွားတာပါ။ ကောင်မလေးက သိမ်ကုန်းရပ်ကွက်၊ ဗထူး(၆)လမ်း ကပါ။ မွတ်စလင်ကောင်ကလည်း မြို့ပေါ်က ပါပဲ။ ရဲတွေတော့ စစ်ဆေးနေတာတွေ့ပါတယ်။ လည်လှီးသတ်သွားတာပါ။" ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ပေးရန် မြန်မာနေရှင်နယ်ပို့စ် က သတင်းမှန်ပြန်ကြားရေးမှတဆင့် ဆက်သွယ်မေးမြန်းထားသည်။
(နောက်ဆက်တွဲ သတင်းကို ဆက်လက်ဖော်ပြပေးပါမည်။)
#News
No comments:
Post a Comment