ဇီဝဇိုးငှက်များ လာရောက်ကျက်စားနားခိုရာ ကျွန်းများ၏‌ ဂေဟစနစ်မပျက်အောင် ဆက်လက်ထိန်းသိမ်းသွားရန်လို - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇီဝဇိုးငှက်များ လာရောက်ကျက်စားနားခိုရာ ကျွန်းများ၏‌ ဂေဟစနစ်မပျက်အောင် ဆက်လက်ထိန်းသိမ်းသွားရန်လို



နေပြည်တော် ဖေဖော်ဝါရီ ၂၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် (၂၆-၂-၂၀၂၄)ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ မြင်းခွာကျွန်းသို့ရောက်ရှိရာ တာဝန်ရှိသူများက တနင်္သာရီတိုင်းဒေသကြီးအတွင်း နှစ်အလိုက်သဘာဝနှင့် အိမ်မွေးငှက်သိုက်ထွက်ရှိမှုနှင့် ငှက်သိုက်ကျွန်းများ ထိန်းသိမ်းစောင့်ရှောက်ထားမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဇီဝဇိုးငှက်များ လာရောက်ကျက်စားနားခိုရာကျွန်းများ၏‌ ဂေဟစနစ်မပျက်အောင် ဆက်လက်ထိန်းသိမ်းသွားရန်လိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် သာယာလှပသောကျွန်းပေါင်းများစွာ တည်ရှိနေသည့်အတွက် သဘာဝအခြေခံခရီးသွား လုပ်ငန်းအတွက် များစွာအရေးပါသော နေရာတစ်ခုဖြစ်ကြောင်း၊ တည်ရှိနေသောဂေဟစနစ်နှင့် အမျိုးမျိုးသော ဇီဝမျိုးစုံမျိုးကွဲများ တိမ်ကောပျောက်ကွယ်မှု မရှိအောင်၊ နေရင်းဒေသများ ပျက်စီးမှုမရှိအောင် ကာကွယ်ထိန်းသိမ်း သွားရန်လိုအပ်ကြောင်း၊ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ဒေသခံများပါ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရန်မှာကြားပြီး သဘာဝငှက်သိုက်များထွက်ရှိရာ ကော့ငါး၊ ကဆိုင်းလှကျွန်းနှင့် ကြက်မောက်ကျွန်းတို့အား ထိန်းသိမ်းထားမှုအခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့ရှိ ခရိုင်သစ်တောဦးစီးဌာနရုံး၌ ခရိုင်၊ မြို့နယ်တာဝန်ခံများနှင့်တွေ့ဆုံပြီး သစ်တော၊ သတ္တုနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ကဏ္ဍများတွင် ဌာန၏လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့နယ်ရှိ သစ်ပင်စိုက်ပျိုးပွဲများတွင် စိုက်ပျိုးခဲ့သောအပင်များ၏ ရှင်သန်အောင်မြင်မှုအခြေအနေနှင့် မြို့မသစ်တောပျိုးဥယျာဉ် အတွင်း ၂၀၂၄ မိုးရာသီတွင် လူထုဖြန့်စိုက်ပျိုးရန် ပျိုးထောင်ထားသောပျိုးပင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)