MNP ၊ဖေဖော်ဝါရီ ၂၇
မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် မော်လမြိုင်ခရိုင် အတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေမြိုင်ခန်းမ၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ယုက တပ်မတော်သားများသည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်၍ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို သက်စွန့်တာဝန် ထမ်းဆောင်နေကြသူများဖြစ်ပြီး စဉ်ဆက်မပြတ် ပေးအပ်လှူဒါန်းနိုင်ရေး ထပ်မံပေးအပ်လှုဒါန်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မော်လမြိုင်ခရိုင်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများအတွက် ပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ယု၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး စိုးအောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးသန်းအေးတို့က မော်လမြိုင်ခရိုင်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက် အသင့်စားသုံးနိုင်သော ငါးတံခွန်ခြောက်ကြော် (၂၀၀) ဘူး၊ ငါးပိအစိုးကြော် (၁၀၀) ဘူးနှင့် ကွေကာအုပ်အထုတ်ကြီး (၉၀) ထုတ်တို့ကို ပေးအပ်လှူဒါန်းရာ မော်လမြိုင်တပ်နယ်၊ တပ်နယ်မှူး (ကိုယ်စား) ဗိုလ်မှူးပြည့်ဖြိုးဝင်းက လက်ခံရယူပြီး လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ
https://t.me/MyanmarNationalPost
No comments:
Post a Comment