ပေါင်မြို့နယ်၌‌ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူများတွေ့ဆုံပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌‌ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူများတွေ့ဆုံပွဲပြုလုပ်

 





MNP ၊  ဖေဖော်ဝါရီ   ၁၇

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ခရိုင်အုပ်ချုပ်ရေးမှူး နှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူများတွေ့ဆုံပွဲပြုကို ယနေ့ နံနက်ပိုင်းကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူ ခန်းမ၌ ပြုလုပ်ခဲ့သည်။ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲနိုင် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို ပြည်နယ်ဝန်ကြီးချုပ်၏လမ်းညွှန်မှာကြားချက်များကိုလိုက်နာဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍   သိသင့် သိထိုက်သည်များကို ထပ်မံ ရှင်းလင်းမှာကြားခြင်း ၊ မြေယာကိစ္စရပ်များကို ကြပ်မတ်စွာကိုင်တွယ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တင်ပြသည့် ကိစ္စရပ်များအပေါ် မြို့နယ်မှ လိုအပ်သလိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားခဲ့သည်။ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် သဲဖြူကုန်းကျေးရွာအုပ်စု၊ ကံဖြူကျေးရွာရှိ ဆောင်းသီးနှံ ဟင်းသီးဟင်းရွက် စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေမှုကို ကိုလည်းကောင်း  နန်းတော်နွားမွေးမြူရေးခြံတွင် မွေးမြူထားသော နို့စားနွားနှင့် အလှမွေးနွားများ မွေးမြူထားရှိမှုကို ကြည့်ရှုခဲ့ပြီး မွေးမြူရေးဇုံ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကိုလည်းကောင်း၊  ရွာတန်းရှည်ကျေးရွာတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားပြီး ဖြစ်ထွန်းအောင်မြင်နေသော နွေစပါး စံပြစိုက်ကွက်များ ကိုလည်းကောင်း ကြည့်ရှူခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့‌ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)