ဥရောပပါလီမန်က ကျင်းပပြုလုပ်သည့် နှစ်သစ်ကူးဧည့်ခံပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥရောပပါလီမန်က ကျင်းပပြုလုပ်သည့် နှစ်သစ်ကူးဧည့်ခံပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက်




MNP ၊ ဖေဖော်ဝါရီ ၂

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ ဘယ်လ်ဂျီယံနှင့် ဥရောပသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ဥရောပပါလီမန်ဥက္ကဋ္ဌ Mrs. Roberta Metsola ၏ ဖိတ်ကြားမှုဖြင့် ၃၁-၁-၂၀၂၄ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ ဥရောပပါလီမန်ရုံးချုပ်၌ ဥရောပပါလီမန်က ဥရောပသမဂ္ဂဆိုင်ရာ သံရုံး၊ အဖွဲ့ရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ဧည့်ခံကျင်းပသည့် ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးဧည့်ခံပွဲ (New Year Reception) သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါဧည့်ခံပွဲတွင် ဥရောပပါလီမန်ဥက္ကဋ္ဌ Mrs. Roberta Metsola က လတ်တလော ဖြစ်ပွားလျက်ရှိသော ရုရှား-ယူကရိန်း စစ်ပွဲနှင့် ဂါဇာကမ်းမြောင်စစ်ပွဲတို့ကြောင့် ကမ္ဘာ့ပထဝီနိုင်ငံရေး နှင့် လုံခြုံရေးအခင်းအကျင်း၏ ဦးတည်ရာသည် ပြောင်းလဲလျက်ရှိပြီး ယင်းအပြောင်းအလဲတွင် ဥရောပသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံအားလုံးအနေဖြင့် ဖြစ်ပေါ်လာသော အပြောင်းအလဲနှင့် စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ဖြေရှင်းရန် လိုအပ်ကြောင်းကို သံတမန်အဖွဲ့အစည်းများအား သတင်းစကားပါးလိုပါကြောင်း နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် Mrs. Roberta Metsola သည် မြန်မာသံအမတ်ကြီး အပါအဝင် တက်ရောက်လာသော ဥရောပသမဂ္ဂဆိုင်ရာ သံရုံး၊ အဖွဲ့ရုံး အကြီးအကဲများနှင့် နှုတ်ဆက်တွေ့ဆုံပြီး မြန်မာသံအမတ်ကြီးက Mrs. Roberta Metsola အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ကောင်းခြင်းများစွာ ရရှိပါစေကြောင်း နှစ်သစ်ကူး ဆုမွန်တောင်းစကား ပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)