ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံရာသီတွင် စိုက်ပျိုးခဲ့သည့် ဖူးစားပြောင်းသီးနှံစိုက်ဧက ၃၀၅၀ ဧက ရိတ်သိမ်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံရာသီတွင် စိုက်ပျိုးခဲ့သည့် ဖူးစားပြောင်းသီးနှံစိုက်ဧက ၃၀၅၀ ဧက ရိတ်သိမ်းပြီးစီး




MNP ၊ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ဖူးစားပြောင်းသီးနှံ ၃၀၅၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်းသီးနှံ စိုက်ဧက ၃၀၄၈ ဧက စိုက်ပျိုးရန် လျာထားပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းမှ စတင်စိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှုဧက ၃၀၅၀ ဧက စိုက်ပျိုးနိုင်ခဲ့ကာ ယနေ့တွင် ဖူးစားပြောင်းသီးနှံစိုက်ဧက ၃၀၅၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဖူးစားပြောင်းသီးနှံစိုက်ဧက ၃၀၄၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှုဧက ၃၀၅၀ ဧက စိုက်ပျိုးပြီးစီးခဲ့ပါတယ်။ ဖူးစားပြောင်း စိုက်ပျိုးချိန်မှာ လိုအပ်တဲ့ စိုက်ပျိုးနည်းပညာတွေ၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ဖို့နဲ့ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းတွေကို စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံကွင်းဝန်ထမ်းများက မြေပြင်ကွင်းဆင်းကြီးကြပ်ပြီး ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားရေး အားထားစိုက်ပျိုးတဲ့ ဖူးစားပြောင်းသီးနှံတွေဟာ ဖြစ်ထွန်းအောင်မြင်မှုရှိပြီး ရိတ်သိမ်းချိန် ရောက်ရှိလာပြီဖြစ်လို့ ဒေသခံတောင်သူတွေက ဒီဇင်ဘာလ ဒုတိယပတ်လောက်ကစပြီး ရိတ်သိမ်းခဲ့ရာ ယနေ့မှာ ၃၀၅၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့က တစ်ဧကကို ပြောင်းဖူးအရေအတွက် ၁၅၀၀၀ ခန့် ထွက်ရှိပါတယ်။ ယခုနှစ်မှာ ဖူးစားပြောင်းသီးနှံက ဈေးကောင်းရရှိလို့ စိုက်ပျိုးတောင်သူတွေ စီးပွားရေး တွက်ခြေကိုက်ကြတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဖူးစားပြောင်းသီးနှံ စိုက်ပျိုးရေးကို (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပြီး အဓိကစိုက်ပျိုးသည့်  ဖူးစားပြောင်းမျိုးမှာ ရိုးရိုးသံကြားပြောင်းနှင့် အရပ်ခေါ်ပန်ရွှေသံကြားပြောင်းမျိုးကို စိုက်ပျိုးကြကြောင်း၊ ဖူးစားပြောင်း စိုက်ပျိုးရေးလုပ်ငန်းသည် ပြောင်းဖူးရောင်းချရသည့်အပြင် ကျွဲ၊ နွား တိရစ္ဆာန်အစာအဖြစ်ပါ ရောင်းချရသဖြင့် နှစ်သီးစားဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်းနှင့် ယခုနှစ်ဆောင်းသီးနှံအဖြစ် စိုက်ပျိုးခဲ့သည့် ဖူးစားပြောင်းသီးနှံစိုက်ဧက ၃၀၅၀ ဧကမှာ အားလုံးရိတ်သိမ်းပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)