ဘာသာရေးစော်ကားမှုများ လုပ်ဆောင်လာသည့် အကြမ်းဖက်အန္တရာယ်များနှင့် ပတ်သက်၍ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌနှင့် ပါတီဝင်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘာသာရေးစော်ကားမှုများ လုပ်ဆောင်လာသည့် အကြမ်းဖက်အန္တရာယ်များနှင့် ပတ်သက်၍ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌနှင့် ပါတီဝင်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး






MNP ၊ ဖေဖော်ဝါရီ ၃

အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ၏ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပါတီတိုင်းရုံးတွင် ဥက္ကဋ္ဌ ဦးစိုးမောင်နှင့် ပါတီဝင်များတွေ့ဆုံ၍ အမျိုး ဘာသာ သာသနာအပေါ် ထိပါးစော်ကားလာသည့် အကြမ်းဖက်အန္တရာယ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဖြစ်ပေါ်လျက်ရှိသော ဘာသာ သာသနာအပေါ် ထိပါးစော်ကားလာသည့် အကြမ်းဖက်အန္တရာယ်များနှင့် ပတ်သက်၍ ဦးစိုးမောင်က တစ်ဦးချင်း တစ်ယောက်ချင်းက အမျိုးသားနိုင်ငံရေးအသိရှိရမည်ဖြစ်ကြောင်း၊ သို့သော်လည်း တစ်ဦးတစ်ယောက်တည်း ကာကွယ်လို့ မရနိုင်ဘဲ စုပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဥပဒေလမ်းကြောင်းကိုလည်း သိရှိနားလည်ထားရန် လိုအပ်ကြောင်း၊ စုဖွဲ့တင်ပြ၍ အမျိုးသားရေး အန္တရာယ်များကို ပူးပေါင်းကာကွယ်ရာတွင် ပါဝင်ဆောင်ရွက်နိုင်ကြောင်း ဆွေးနွေးပြောဆိုသွားသည်ဟု သိရသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ပါတီဝင်များက မြို့နယ်၊ ရပ်ကွက်များတွင် ဖြစ်ပေါ်နေသော အုပ်ချုပ်ရေးယန္တရားမှ တာဝန်ရှိသူများ၏ မလျော်ကန်သော လုပ်ရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြောင်း၊ တာဝန်ရှိသူများက မြို့နယ်၊ ရပ်ကျေးများ၏ အုပ်ချုပ်ရေးယန္တရားကို ထိန်းသိမ်းကြပ်မက်ဆောင်ရွက်ပေးနိုင်ရေး စုပေါင်းတင်ပြမှုများ လုပ်ဆောင်နိုင်ရန် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)