MNP ၊ ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁) ရက်နေ့မှ စတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၈) နာရီခွဲအချိန် ဆက်လက်ထုတ်ပေးလျက်ရှိသည်။
သာပေါင်းမြို့နယ်တွင် ကာကွယ်ရေးပင်စင်စား (၂၈၆) ဦး၊ နိုင်ငံရေးပင်စင်စား (၁၃၆) ဦး၊ မြို့ပြ ပင်စင်စား (၅၉၄) ဦး၊ ဘဏ်ဝန်ထမ်း ပင်စင်စား (၈) ဦး ပေါင်းအငြိမ်းစား ပင်စင်စားဦးရေ (၁၀၂၄) ဦးရှိရာ ယမန်နေ့တွင် မြို့ပြပင်စင် (၁၆၇) ဦး၊ ကာကွယ်ရေးပင်စင် (၉၉) ဦး၊ နိုင်ငံရေးပင်စင် (၂၆) ဦး၊ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းပင်စင် (၁) ဦး ပေါင်းပင်စင်စား (၂၉၃) ဦး ထုတ်ပေးလျက်ရှိခဲ့ပြီး ကျန်းမာရေးချို့ယွင်းတဲ့ အငြိမ်းစားသက်ကြီး ပင်စင်စားများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိနေပါကြောင်းနှင့် ပင်စင်လစာငွေများကို လစဥ်(၂၁)ရက်နေ့မှ လစာမထုတ်မီ တစ်ရက်အလို နံနက်(၈)နာရီမှ စတင်၍ လာရောက်ထုတ်ယူသူ ပင်စင်စားကြီးများအားလုံးကို ထုတ်ပေးလျက်ရှိပြီး၊ ကျန်ရှိသူများကို အစိုးရ ရုံးပိတ်ရက်များမှ ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် အာဟာရများ တိုက်ကျွေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ် မန်နေဂျာ ဒေါ်အေးအေးမွန် ထံမှ သိရသည်။
မျိုးဇော်သိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment