MNP ၊ ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၄၈)ကြိမ်မြောက် “ဝ”တိုင်းရင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ယနေ့တွင် မိုင်းဇင်းကျေးရွာအုပ်စု၊ ပင်းဆိုင်း “ဝ”ရွာတွင် ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်-၂ ဦးမင်းညိုက အမှာစကားပြောကြားပြီး “ဝ”တိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီသို့ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် “ဝ”တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က နှစ်သစ်ဂါရဝဆုတောင်းစကားပြောကြားသည်။ ယင်းနောက် “ဝ”တိုင်းရင်းသားများက ရိုးရာယဉ်ကျေးမှု အက၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ ဧည်ပရိတ်သတ်များအား ရိုးရာအစားအစာများဖြင့် တည်းခင်းဧည့်ခံကြသည်။
ရွက်ဟောင်းကြွေပြီး ရွက်သစ်များ ဝေဆာပွင့်ဖူးသည့် တပိုးတွဲလဆန်း (၁)ရက်နေ့ကို “ဝ”တိုင်းရင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်အဖြစ် သတ်မှတ်ကြပြီး အဆိုပါပွဲတော်တွင် “ဝ”တိုင်းရင်းသားတို့၏ လယ်/ယာများမှ ထွက်ရှိသည့် ကောက်ပဲသီးနှံများ၊ ရိုးရာအစားအစာများကို တည်းခင်းဧည့်ခံကာ ဘူးပလွေ၊ အိုးစည်ဗုံမောင်း၊ ရိုးရာအကများဖြင့် စိတ်တူကိုယ်တူ ညီညီညွတ်ညွတ် ပျော်ရွှင်စွာဖြင့် စုပေါင်းဆင်နွဲကြကြောင်း သိရသည်။
အောင်ဇင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment