ကလောမြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလောမြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ




နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ၁၀၃၀ အချိန် သက်သေများနှင့်အတူ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်ပန်း-ရွာငံသွားကားလမ်းတွင် မောင်အေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသော ပလတ်စတစ်ခြင်းများအတွင်းမှ ဘိန်းစိမ်းအလေးချိန် ၅၂.၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၅၇.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ အလားတူ ယင်းနေ့ ၁၀ ၅၀ အချိန် ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာ၌ နိုင်ထက်လင်း(ခ)ဖိုးလုံး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသော ပလတ်စတစ်ခြင်းများအတွင်းမှ ဘိန်းစိမ်းအလေးချိန် ၅၂.၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၅၇.၅ သိန်း)အား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဘိန်းစိမ်းများ ဖမ်ဆီးရမိသည့် မောင်အေး(၅၄)နှစ် နှင့် နိုင်ထက်လင်း(ခ)ဖိုးလုံး(၁၈)နှစ်တို့အား အောင်ပန်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)