နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ၀၇၄၅ အချိန် သက်သေများနှင့်အတူ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် တောင်ကြီးမြို့ဘက်မှ သာစည်မြို့ဘက်သို့ ဇော်ဝင်းထွဋ် မောင်းနှင်ပြီး ခွန်ကျော်ထွန်း(ခ)ကျော်ထွန်း လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းစိမ်းအလေးချိန် ၃၀.၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၇၇.၂ သိန်း)၊ ဘိန်းဆီခဲ အလေးချိန် ၁၂.၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၁၉.၆ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ၀၉ ၃၀ အချိန် အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ အုံးလွင် အား သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအနီးတွင် HIJET အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဇော်ဝင်းထွဋ်(၅၂)နှစ်၊ ခွန်ကျော်ထွန်း(ခ)ကျော်ထွန်း(၅၀)နှစ် နှင့် အုံးလွင်(၄၉)နှစ်တို့အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#News

No comments:
Post a Comment