MNP ၊ ဖေဖော်ဝါရီ ၂၁
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ စိန့်ပီတာစဘတ်အစိုးရရေကြောင်းနည်းပညာ တက္ကသိုလ် (SPbGMTU) ၌ ၂၀-၂-၂၀၂၄ ရက် တွင် ကျင်းပပြုလုပ်သည့် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေးတည်ထောင်မှု ၇၆ နှစ်ပြည့် အထိမ်းအမှတ်ကွန်ဖရင့်သို့ အွန်လိုင်းစနစ်ဖြင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အရ စိန့်ပီတာစဘတ်အစိုးရ ပြည်ပဆက်ဆံ ရေးကော်မတီက စီစဉ်ကျင်းပသော အဆိုပါ ကွန်ဖရင့်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov ၊ စိန့်ပီတာစဘတ်မြို့အခြေစိုက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယ ကိုယ်စားလှယ် Mr. Igor Demyanenko ၊ စိန့်ပီတာစဘတ် ဥပဒေပြုလွှတ် တော်၏ ဒုတိယဥက္ကဋ္ဌ Mr. Nikolay Bondarenko ၊ စိန့်ပီတာစဘတ်မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးအောင်ဖေသက်၊ စိန့်ပီတာစဘတ်အစိုးရ ပြည်ပဆက်ဆံရေးကော်မတီ၏ ဒုတိယဥက္ကဌ Mr. Vyacheslav G. Kalganov ၊ စိန့်ပီတာစဘတ် အစိုးရရေကြောင်းနည်းပညာ တက္ကသိုလ် (SPbGMTU) ၏ ဒုတိယ ပါမောက္ခချုပ် Mr. Kirill Rozhdestvensky နှင့် စိန့်ပီတာ စဘတ် အစိုးရ ရေကြောင်းနည်းပညာတက္ကသိုလ် (SPbGMTU) ၏ ဂုဏ်ထူးဆောင်ပါမောက္ခ ဦးသူရိန်ကျော်လွင်တို့ကလည်း online ၊ offline format နှစ်မျိုးဖြင့် တက်ရောက်၍ မြန်မာနိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား၊ မြန်မာနိုင်ငံနှင့် စိန့်ပီတာစဘတ်အကြား ခရီးသွားလုပ်ငန်း၊ ပညာရေး တို့ အပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရှေ့ဆက် ဆောင်ရွက်သွားမည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးခွန်းများ မေးမြန်းမှု အပေါ် ပြန်လည် ဖြေကြားခဲ့ကြသည်။
အဆိုပါ ကွန်ဖရင့်သို့ ဖိတ် ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စိန့်ပီတာစဘတ်အစိုးရရေကြောင်းနည်းပညာတက္ကသိုလ် (SPbGMTU) အပါအဝင် စိန့်ပီတာစဘတ်မြို့ရှိ တက္ကသိုလ်များတွင် ပညာသင်ယူနေသော မြန်မာနှင့် ရုရှားကျောင်းသူကျောင်းသားများနှင့် ဆရာ၊ ဆရာမများ အပါအဝင် စိန့်ပီတာစဘတ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာသံရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment