MNP ၊ ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အံပုံများအခမဲ့တပ်ဆင်ပေးခြင်းကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ တိုင်းဒေသကြီး ကုတင်(၅၀၀)ဆံ့ ဆေးရုံကြီး၌ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အံပုံများအခမဲ့တပ်ဆင်ပေးနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တာဝန်ရှိသူများသည် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအတွက် သွားတု(အံပုံ)ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှု၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းသုံးဦးအား သွားတု(အံပုံ)များ ကိုယ်တိုင်တပ်ဆင်ပေးခဲ့ပြီး ဆရာဝန်ကြီးများနှင့်ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အံပုံများအခမဲ့တပ်ဆင်ပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်(သွားကျန်းမာ)နှင့်အဖွဲ့မှဦးစီး၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပူးပေါင်းကာ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံဝန်ထမ်း စုစုပေါင်း ၄၅ ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စတင်ကာ ၁၈ ရက်နေ့အထိ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ
https://t.me/MyanmarNationalPost
No comments:
Post a Comment