တိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး




MNP ၊ ဖေဖော်ဝါရီ  ၁၉

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိများသူနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည် မြို့နယ်၊ ဆီဆုံကုန်းကျေးရွာရှိ တောင်သူ ဦးနိုင်ဝင်းဆွေ၏ လယ်( ၅ )ဧက၌ စိုက်ပျိုးထားသည့် Super Sun - 41 နေကြာဖြစ်ထွန်းအောင်မြင်နေမှုများနှင့် ငါးသိုင်းချောင်းမြို့၊ ဒေါင့်ကြီးဘက် ကျေးရွာရှိ တောင်သူ ဦးကျော်ညွန့်၏ စိုက်ဧက(၅)၌ စိုက်ပျိုးထားသည့် ပဲတီစိမ်း-နေကြာ သီးညှပ် စံပြစိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး နေကြာပွင့်များ ထိခိုက်ပျက်စီးမှု မရှိစေရေး၊ ပိုးမွှားအန္တရာယ် ကျရောက်မှုမရှိစေရေး၊ မြေဩဇာကျွေးခြင်း၊ ရေပေးခြင်းများ စနစ်တကျ ဆောင်ရွက်စေရေးနှင့် အောင်မြင်​ အောင် ဆောင်ရွက်စေရေး မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးတို့သည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဝါဆိုမဟာစည် သာသနာ့ရိပ်သာကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တသုဇာတအမှုပြုသော သံဃာတော် အရှင်သူမြတ်များအား ဖူးမြော်ကြည်ညို၍ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ ဆက်လက်နာယူ ကြည်ညိုခဲ့ကြပြီး ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ဝါဆိုမဟာစည် သာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုဇာတထံမှ အနုမောဒနာတရား နာကြားခဲ့ကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြန်အောင်မြို့နယ်၊ ဆင်သေကျေးရွာရှိ တောင်သူ ဦးအောင်ဌေး၏ စိုက်ဧက(၂)ဧက၌ ဆင်းရွှေကြာ(၂)နေကြာ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ဆီဖူလုံရေးအတွက်  နေကြာ၊ နှမ်း၊ မြေပဲစသည့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနေမှု အခြေအနေများနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေး ဆောင်ရွက်နေမှု အ​ခြေအနေများ ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ  တိုးတက် အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရှားတောကျေးရွာသို့ သွားရောက်ခဲ့ပြီး မြေနုကျွန်းတွင် တောင်သူ(၇၀)ဦး၏ စိုက်ဧက( ၂၃၈) ဧက၌ ပဲလွန်း၊ ပဲယင်း၊ ပဲစိတ်တို/အပျိုကြီးပဲ၊ ပဲကြီး၊ ပဲတီစိမ်း၊ မြေပဲအဖြူ၊ ခရမ်းချဉ်သီး၊ ပြောင်း၊ နေကြာစသည့် ပဲအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းအား ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများမှ သီးနှံများ စိုက်ပျိုးမှု၊ ဖြစ်ထွန်းမှု၊ ရောင်းချရမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ဖြစ်ထွန်းအောင်မြင်စေရန်၊ တိုးချဲ့စိုက်ပျိုးရန်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြန်အောင်မြို့ ကမ်းထိန်းလုပ်ငန်း ဘိုးပိုင်အခြေပြုကျောက်စီတမံ အလျား (၂၆၀) ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကမ်းထိန်းလုပ်ငန်းများ ရေရှည်တည်တံ့မှုရှိစေရေး အရည်အသွေး ကောင်းမွန်ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)