ရခိုင်ပြည်နယ်တောင်ပိုင်းရှိ‌ ကျေးရွာများမှ တစ်ရွာလျှင် လူ ၅ ဦးပေးရန် အတင်းအကျပ် တောင်းခံနေကြောင်းနှင့် စစ်တွေမြို့မဈေးကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ‌ ကျေးရွာများမှ တစ်ရွာလျှင် လူ ၅ ဦးပေးရန် အတင်းအကျပ် တောင်းခံနေကြောင်းနှင့် စစ်တွေမြို့မဈေးကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ



နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ကျေးရွာများကို တစ်ရွာလျှင် အသက် ၃၀ မှ ၅၅ နှစ်အရွယ် အမျိုးသားများနှင့် အမျိုးသမီးများ အပါအဝင် လူ ၅ ဦးပေးရန် တပ်မတော် က အတင်းအကျပ်တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေး သားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ကျေးရွာများကို တစ်ရွာလျှင် လူ ၅ ဦးပေးရန် အတင်းအကျပ်တောင်းခံနေသည့် သတင်းများမှာ မှန်ကန်မှုမရှိသည့် ကောလာဟလ သတင်းအမှားများသာဖြစ်ပြီး တောင်းခံခြင်းမရှိကြောင်း သိရှိရသည်။

အလားတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ မြို့မဈေးအတွင်းသို့ တပ်မတော်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ၁၂ ဦးသေဆုံးခဲ့ပြီး ၁၈ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း အထင်အမြင်လွဲမှားဖွယ် တစ်ဖက်သတ် စွပ်စွဲရေးသားထားသည့် သတင်းအမှားများသာဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ  စစ်တွေ မြို့တွင် ပြည်သူများကြောက်ရွံ့ထိတ်လန့်လာပြီး နယ်မြေတည်ငြိမ်မှုပျက်ပြား စေရန်အတွက် AA အကြမ်းဖက်သမားများက စစ်တွေမြို့မဈေးအတွင်းသို့ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းကြောင့်   ပြည်သူများ ထိခိုက် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် ပြည်သူများအား သတင်းတု၊ သတင်းအ မှားများဖြင့်သာ သတင်းအဆိပ်ခတ်လျက်ရှိပြီး နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့် တစ်ဖက်သတ်စွပ်စွဲရေးသားချက်များကိုသာ ရည်ရွယ်ရှိရှိ ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)