ပေါင်းတည်၌ လုပ်ငန်းခွင်ပြင်ပ ထိခိုက်ဒဏ်ရာရမှုအတွက် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်၌ လုပ်ငန်းခွင်ပြင်ပ ထိခိုက်ဒဏ်ရာရမှုအတွက် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး


MNP ၊ ဖေဖော်ဝါရီ ၁၈

 ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက်ဒဏ်ရာရမှုအတွက် အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီက မြို့နယ်လူမှုဖူလုံရေး ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား၌ ပေါင်းတည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော သဲကုန်းမြို့နယ် စည်ပင်မှ အာမခံအလုပ်သမား ဦးကောင်းခန့်ကျော်၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်ဒဏ်ရာရမှုအတွက် အမြဲတမ်း မသန်စွမ်းမှု ပင်စင်ငွေ ကျပ် ၃၁၇၅၂၀၀ (ကျပ်သုံးဆယ့်တစ်သိန်းခုနစ်သောင်းငါးထောင်နှစ်ရာတိတိ)အား တိုင်းဒေသကြီး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းစိုးမှ ကာယကံရှင်နှင့် တာဝန်ရှိသူများ ရှေ့မှောက်တွင် ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။


သူရကြီး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)