MNP ၊ ဖေဖော်ဝါရီ ၂၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများ ၌၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်း အဆင့် Grade(5)နှင့်အလယ်တန်းအဆင့် Grade(9) များအတွက် နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ (၂၃) ရက် နံနက် ( ၉ ) နာရီတွင် အင်္ဂလိပ်ဘာသာရပ်အား စတင်ဖြေဆိုခဲ့ကြသည်။
ထိုသို့ဖြေဆိုရာတွင် Grade (5)ဖြေဆိုရန်စာစစ်ဌာန ( ၃၀ )ခု သတ်မှတ်ထားပြီးဖြေဆိုရန်စာရင်းရှိကျောင်းသား၊ကျောင်းသူ( ၁၆၁၀ ) ဦးတွင် ဝင်ရောက်ဖြေဆိုသည့်ကျောင်းသားကျောင်းသူ( ၁၅၈၅ )ဦး၊ပျက်ကွက်သူ ( ၂၅ )ဦးရှိကြောင်းနှင့် အလယ်တန်းအဆင့် Grade(9)ဖြေဆိုရန်စာစစ်ဌာန( ၁၁၁ )ခု သတ်မှတ်ထားပြီးဖြေဆိုရန်စာရင်းရှိ ( ၄၀၄၆ ) ဦးမှ ဝင်ရောက်ဖြေဆိုသူ ( ၃၈၃၇ )ဦးနှင့် ပျက်ကွက်သူ( ၂၀၉ )ဦးရှိကြောင်းနှင့် ၎င်းဖြေဆိုနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများက အနီးကပ်စောင့်ကြပ်ကြည့်ရှူနေကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment