စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပ




MNP  ၊ဖေဖော်ဝါရီ ၂၇


နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ရှင်းလင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြဋ္ဌာန်းထားသည့်ဥပဒေ၏ အခွင့်အရေးအား နိုင်ငံသားတိုင်းခံစားခွင့်ရှိသကဲ့သို့ ဥပဒေပါတာဝန်များကိုလည်း နိုင်ငံသားတိုင်း လိုက်နာရမည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယခုမှအတည်ပြုထုတ်ပြန်လိုက်ခြင်း မဟုတ်ဘဲ ၁၉၅၉ ခုနှစ်မှစတင်၍ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေဆိုပြီး ရှိခဲ့ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ်နိုဝင်ဘာလတွင် ဥပဒေအမှတ်(၂၇/၂၀၁၀)နှင့် ၁၉၅၉ ပြည်သူ့စစ်မှုထမ်း ဥပဒေအား ပြင်ဆင်သတ်မှတ်ခဲ့ပြီး အခုနိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် စတင်အာဏာတည်စေခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအား မြန်မာနိုင်ငံတွင် သာပြဋ္ဌာန်းခြင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများစွာတွင်လည်း ကျင့်သုံးလျက်ရှိရာ သာဓကအနေဖြင့် အရှေ့တောင်အာရှ ဒေသနိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ လာအို၊ထိုင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဩစတြေလျနိုင်ငံများတွင်လည်း ကျင့်သုံးလျက်ရှိပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက်စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟုလည်းကောင်း ပြဌာန်းထားပါကြောင်း၊

အချို့သော တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် PDF အကြမ်းဖက်သမားများနှင့် အချို့သော EAO များသည် တိုင်းပြည်တည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့သောအခြေအနေမျိုးတွင် ပြည်ဖျက်အကြမ်းဖက်သမားများအား ပြည်သူအားလုံးပါဝင်မှုဖြင့် ချေမှုန်းသွားရန် လိုအပ်လာပြီဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်အား လူကြီး၊လူငယ်မရွေးတိုင်းရင်းသား ပြည်သူအားလုံးသိနားလည်ရန်၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံအင်အားအရင်းအမြစ်အနေဖြင့် တပ်မတော်နှင့်ပြည်သူ ဟန်ချက်ညီညီဖြင့် လက်တွဲပါဝင်ဆောင်ရွက်ခြင်းဖြင့် အေးစက်နေသည့် စစ်ဘက်အရပ်ဘက် ဆက်ဆံရေးသည် ပိုမိုအားကောင်းလာမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင်က ပြည်သူ့စစ်မှု ထမ်းဥပဒေဆိုင်ရာများဖြစ်သည့် နိုင်ငံခြားတိုင်းပြည်များတွင် ဆောင်ရွက်နေသော စစ်မှုမထမ်း မနေရစနစ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းခြင်း၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊  ပြည်သူ့စစ် မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်း မှကင်းလွတ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွေ့ဆိုင်းနိုင်သည့်ပုဂိ္ဂုလ်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ စစ်စည်းရုံးခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ရှင်းလင်းဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လက်ဘက်ရည်နှင့် မုန့်များအားအတူတကွ သုံးဆောင်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းမှုအပေါ် မိဘပြည်သူများ သိရှိလေ့လာနိုင်စေရန်အတွက် လက်ကမ်းစာစောင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြသည်။     

အလားတူ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲများအား တိုင်းဒေသကြီးအတွင်းရှိ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊ တမူး၊ လေရှီး၊ ဟုမ္မလင်းမြို့နယ်များတွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပြီး ကျန်မြို့နယ်များနှင့် ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်များမှလည်း သက်ဆိုင်ရာအလိုက် ဆက်လက် ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။          


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)