ပေါက်ခေါင်းမြို့နယ်၌ ငရုပ်၊ ကြက်သွန်နှင့်အခြားဟင်းသီးဟင်းရွက်သီးနှံစုံ ၃၈၃၅ ဧကစိုက်ပျိုးပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ ငရုပ်၊ ကြက်သွန်နှင့်အခြားဟင်းသီးဟင်းရွက်သီးနှံစုံ ၃၈၃၅ ဧကစိုက်ပျိုးပြီးစီး




MNP ၊ ဖေဖော်ဝါရီ   ၂၈


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်အတွင်းစားဖိုဆောင်သီးနှံများဖြစ်သည့် ငရုပ်၊ ကြက်သွန်နှင့်အခြားဟင်းသီးဟင်းရွက်သီးနှံစုံ ၃၈၃၅ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ် စားဖိုဆောင်သီးနှံစိုက်ပျိုးရာသီတွင် တောင်သူများ၏ သီးသန့်ယာမြေများနှင့်ခြံမြေများတွင် ငရုပ် ၄၉ ဧက၊ ကြက်သွန်နီ ၂၅၅ ဧကနှင့်ခရမ်းပင်၊ ဆလပ်၊ မုန်ညင်းနှင့်အခြားဟင်းသီးဟင်းရွက်သီးနှံစုံ ၃၅၃၁ ဧက၊ စုစုပေါင်း ၃၈၃၅ ဧက စိုက်ပျိုးထားနိုင်ခဲ့သည်။ စိုက်ပျိုးရေးနည်းပညာအားကောင်းလာသည်အတွက် အထွက်နှုန်းနှင့်သီးနှုန်းအားကောင်းသည့်သီးနှံမျိုးများကိုရွေးချယ်စိုက်ပျိုးကြပြီး ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။ တောင်သူများအဓိက စိုက်ပျိုးရောင်းချသည့် ငရုပ်၊ ကြက်သွန်နှင့်ဟင်းသီးဟင်းရွက်များ၊ ပဲရှည်သီး၊ခရမ်းသီး၊ မုန်လာဥ၊ ခရမ်းချဉ်သီး၊ ခရမ်းချိုသီး၊ ရုံးပတီ၊ သခွါး၊ ဆလပ်၊ မုန်ညင်း၊ ကြက်ဟင်းခါးသီးတို့အပြင် ဖူးစားပြောင်းနှင့်ကွမ်းပင်များကိုလည်း မြေအောက်အဝီစိတွင်းရေနှင့် ချောင်းရေတို့အသုံးပြု၍ စိုက်ပျိုးကြသည်။


အဆိုပါ စားဖိုဆောင်သီးနှံစိုက်ပျိုးသည့် ဝောာင်သူများအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက  စိုက်ပျိုးရေးနည်းစနစ်များနှင့် ပိုးမွှားကျရောက်မှုကာကွယ်ရေးဆိုင်ရာနည်းပညာများအား အသိပညာပေး‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)