ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ငွေကျပ် ၃ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ငွေကျပ် ၃ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိ



နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ နဝဒေးတံတားထိပ်တွင် ပြည်ဘက်မှ ပန်းတောင်းဘက်သို့ ယာဉ်မောင်း ဟိန်းပိုင်ဦး(ခ)ကိုပိုင်(ခ)သားညီ မောင်းနှင်လာသည့် ISUZU Light Truck မော်တော်ယာဉ်ကို  သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် အိမ်သုတ်ဆေးပုံးများနှင့် Compressor လေအိုးတို့အတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

စစ်ဆေးဖော်ထုတ်ချက်အရ ည ၇ နာရီခွဲအချိန် ပူးပေါင်းအဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပုသိမ် - မုံရွာသွားကားလမ်း၊ မိုင်တိုင်အမှတ်(၂၀၅)အနီးတွင် အောင်ကိုလတ်၊ ဇော်မြင့်(ခ)ရေခဲ နှင့် လင်းလင်းထိုက် တို့ ၃ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၄ သိန်း၊  Bighorn မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်လှ အား မင်းတုန်းမြို့၊ တည်းခိုခန်း၌ လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိခဲ့သည်။ 

စိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင်ပြည်နယ် နယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)