နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈
(၇၉)နှစ်မြောက် တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးသို့ တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဌ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဌ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက (၇၉)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား အား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ ကော်မတီများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာကော်မတီများနှင့် လုပ်ငန်းအဖွဲ့များက လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြကြရာ တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက ရှင်းလင်းတင်ပြမှုများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
#News
No comments:
Post a Comment