မော်လမြိုင်တက္ကသိုလ်၌ အခြေခံစားသောက်ကုန် ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ‌ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်တက္ကသိုလ်၌ အခြေခံစားသောက်ကုန် ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ‌ပေး




MNP ၊ ဖေဖေါ်ဝါရီ ၂

နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ငှားစရိတ်နှင့် ဝတ်စုံစရိတ်ကို နိုင်ငံတော်မှထောက်ပံ့ပေးလျက်ရှိသော်လည်း ပညာသင်ကြားပေးသည့် ဆရာ၊ ဆရာမ၏ နေထိုင်စားသောက်ရေးအား တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးရန် လမ်းညွှန်မှုနှင့်အညီ မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ပြည်သူများအတွက်သက်သာ သောနှုန်းထားများဖြင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်စေရေး အတွက် ကိုယ်တိုင် စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများက ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်များဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်အတွင်း၌ ရောင်းချ‌ပေးလျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည်ရှု အားပေးခဲ့သည်။


ထို့နောက် အဆိုပါ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းကို မော်လမြိုင်တက္ကသိုလ်တွင် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ဝန်ထမ်းများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်အောင်ဆောင်ရွက်ကာ ကုန်ထုတ်လုပ်သူများ အနေဖြင့်လည်း အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးရန် လိုပါကြောင်း၊၊ ပြည်နယ်အတွင်းထွက်ရှိသော ဆန်၊ ငါး၊ ပုစွန်၊ ကြက်သား၊ ကြက်ဥများကို Supply and Demand မျှတအောင် သုံးစွဲရေး၊ ဈေးနှုန်းသင့်တင့်ရေး၊ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ပြောကြားပြီး လိုအပ်သည်များကိုတာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။


အလားတူ မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ‌ပေးနေမှုများကို မွန်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်အသီးသီးတွင်လည်း စားသောက်ကုန်များကို သတ်မှတ်ထားသည့် သက်သာသော ဈေးနှုန်းတို့ဖြင့် အပတ်စဉ်ပုံမှန် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


စည်သူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)