မြစ်ခြေမြို့နယ်ရှိ ကျေးရွာအချို့ကို လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး အဖိုးတန် ပစ္စည်းများယူဆောင်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ခြေမြို့နယ်ရှိ ကျေးရွာအချို့ကို လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး အဖိုးတန် ပစ္စည်းများယူဆောင်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉

မကွေးတိုင်းဒေသကြီး၊ မြစ်ခြေမြို့နယ်ရှိ ဖလံအိုကျေးရွာ၊ ချိုင်ကျေးရွာနှင့် ရေကြည်ကျေးရွာတို့ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းပြီး အဖိုးတန်ပစ္စည်းများယူဆောင်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီးမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ မြစ်ခြေမြို့နယ်ရှိ ဖလံအိုကျေးရွာ၊ ချိုင်ကျေးရွာနှင့် ရေကြည်ကျေးရွာတို့ကို လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး အဖိုးတန် ပစ္စည်းများ ယူဆောင်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည့်သတင်းမှာ မှန်ကန်မှု မရှိကြောင်း တပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန် လုပ်ကြံရေးသားသည့် သတင်း အမှားများသာဖြစ်ကြောင်း သိရှိရသည်။

မြစ်ခြေမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် PDF အမည်ခံ အကြမ်းဖက်သမား များက ဝင်ရောက်လှုပ်ရှားလျက်ရှိပြီး ဒေသခံပြည်သူများကို ငွေကြေးကောက်ခံခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများလုပ်ဆောင်နေကြောင်း အကြမ်းဖက်လုပ်ရပ်များကို လက်ခံခြင်း မရှိသည့် ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေးဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဖလံအိုကျေးရွာ အတွင်းမှ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်သေနတ်များ၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းတို့ ဆုတ်ခွာထွက်ပြေးစဉ်တွင် ဖလံအိုကျေးရွာအတွင်း မိုင်းထောင် ဖောက်ခွဲခဲ့ခြင်းကြောင့် နေအိမ်များ မီးလောင်ပျက်စီး ခဲ့ခြင်းဖြစ်ပြီး တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ပြည်သူများ အထင်အမြင် လွဲမှား စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် လုပ်ကြံ ဝါဒဖြန့်ဝေ နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)