MNP ၊ ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က တပ်မတော်ရေယာဉ်များကို ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးပြီး တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အစိုးရဝန်ထမ်းများနှင့် မိသားစုဝင် ရာပေါင်းများစွာကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင် - ဗမာ လူမျိုးရေးပြဿနာများ မဖန်တီးသင့်ကြောင်း အမည်မဖော်လိုသည့် တပ်မတော်(အငြိမ်းစား)များက သုံးသပ်ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်အရာရှိ(အငြိမ်းစား) တစ်ဦးက "ကျွန်တော်တို့က ၁၁နှစ်လောက် ရခိုင်မှာ တာဝန်ထမ်းဆောင်ခဲ့ရတာဗျာ။ တပ်ထဲမှာ ရခိုင်တွေလည်း ရှိတယ်လေ။ တပ်မတော်သားတွေနဲ့ အိမ်ထောင်ကျတဲ့ ရခိုင်တိုင်းရင်းသူတွေလည်း ရှိတယ်။ တပ်မတော်ထဲမှာ အမှုထမ်းနေတဲ့ တပ်မတော်သားတွေလည်း ရှိတယ်။ AA က သတ်လို့ သေတဲ့အထဲမှာ ဗမာတွေချည်းပဲ မဟုတ်ဘူး။ တပ်မတော်ထဲမှာ အမှုထမ်းနေတဲ့ ရခိုင်တိုင်းရင်းသားကိုလည်း သူတို့က သတ်တာပဲ။ ရခိုင်ကလေးငယ်တွေကိုပါ သတ်ပစ်တာမျိုးတွေ ရှိတယ်။ ရခိုင်တိုင်းက AA ကို ထောက်ခံနေတာ မဟုတ်ဘူး။ ရခိုင်တိုင်းရင်းသားတွေလည်း တိုင်းပြည်ကာကွယ်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူတွေ ရှိတယ်။ AA ကို ထောက်ခံတယ်ဆိုတာက အများစု လိုင်းပေါ်မှာ စာမတတ်ပေမတတ်တွေအများစု ထောက်ခံကြတာ။ လိုင်းပေါ်မှာ လူမျိုးရေးလှုံ့ဆော်တာတွေက မလုပ်သင့်ဘူးဗျ။" ဟု သုံးသပ်ပြောဆိုသည်။
တပ်မတော်အရာရှိတစ်ဦး က "တပ်မတော်သား မိသားစုဝင်တွေကို ကမ်းပေါ်တက်တဲ့အချိန် ဓားနဲ့ ခုတ်တဲ့အထဲမှာ ကုလားတွေလည်း ပါတယ်ဗျ။ ကျွန်တော်တို့ တပည့်တွေဆီက ပြန်ကြားသိရတာမျိုး ရှိတယ်။ AA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်ကို အမှီပြုပြီး ကုလားက လုပ်ချင်တာ။ AA က လူမျိုးရေးပြဿနာဖန်တီးချင်နေတာ။ ဒါကို အားလုံးက ဝိုင်းပြီး လှုံ့ဆော်ပေးနေကြရင် AA အကြိုက် လိုက်လုပ်ပေးသလို ဖြစ်သွားမယ်။ သတိရှိရှိ ဆင်ခြင်တုံတရားနဲ့ လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။" ဟု သုံးသပ်ပြောဆိုသည်။
ကျောက်တော်မြို့နယ်တွင် တပ်မတော်စစ်ရေယာဉ်များကို AA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ပြီး တပ်မတော်သားများကို တစ်ယောက်မကျန် လိုက်လံရှင်းလင်းခဲ့ကြောင်း (၉-၂-၂၀၂၄) ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment