ရွှေတောင်မြို့နယ် အမှတ် ( ၁) အထည်စက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေး‌ အသိပညာပေး ဟောပြော၊ သရုပ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် အမှတ် ( ၁) အထည်စက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေး‌ အသိပညာပေး ဟောပြော၊ သရုပ်ပြသ

 





MNP ၊ ဖေဖော်ဝါရီ-၁၆

 ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းဦးစီး၍အထက်အဆင့်ဆင့်၏ လမ်းညွှန်မှုများကိုခံယူလျှက် ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျှက်ရှိရာယမန်နေ့နံနက် (၀၉း၀၀)နာရီအချိန်ကအမှတ် ( ၁) အထည်စက်ရုံရှိ ၀န်ထမ်းများအားမီးဘေးအသိပညာပေးဟောပြော၊သရုပ်ပြသခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

   ဆက်လက်၍  မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက်မီးသတ်ဆေးဘူးဖြင့် လက်တွေ့ကိုင်တွယ်ငြိမ်းသတ်ခြင်း၊ မီးသတ်ယာဉ်များဖြင့် လက်တွေ့ငြိမ်းသတ်သရုပ်ပြသခြင်းများအား အမှတ် ( ၁) အထည်စက်ရုံရှိသီးသန့်မီးသတ်တပ်ဖွဲ့၀င်များနှင့်အတူ ပူးပေါင်း ဆောင်ရွက် ဇာတ်တိုက်လေ့ကျင်လေ့ကျင့်ခြင်းများကိုပြုလုပ်ဆောင်ရွက်ခဲ့ကကြပြီးမီးဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)