တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ





MNP ၊ ဖေဖော်ဝါရီ ၆

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ တရားမဝင် အခြားသစ် (၂ ဒသမ ၁၆၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁,၃၄၀) ကိုလည်းကောင်း၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ တရားမဝင်အခြားသစ် (၄၇ ဒသမ ၂၇၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၀၉,၂၇၈) ကိုလည်းကောင်း၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ တရားမဝင်အခြားသစ် (၄ ဒသမ ၂၄၃) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၇,၀၅၂)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၇၅၇,၆၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၃ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင် အတွင်း၌ တရားမဝင် ကျွန်းသစ် (၉ ဒသမ ၀၀၄) တန်နှင့် သစ်မာ (၁၀ ဒသမ ၂၄၀) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁,၀၆၂,၇၇၂) ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၄ ရက်တွင် ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၄၁၄) တန်၊ အခြားသစ် (၂ ဒသမ ၄၆၃) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၅,၆၆၄) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၅၀၈,၄၃၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Satellite Plaslon ရေချိုးစီးဖိနပ် အရန် (၃၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၀၀,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Smart အမွှေးဆီကီလိုဂရမ် (၈၀၀) အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Van တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လု ပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၄ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၌ တရားမဝင် အခြားသစ် (၁၈ ဒသမ ၁၇၀) တန်၊ သစ်စက်အင်ဂျင် (၂) လုံးနှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၃,၉၄၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၅ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့၊ လွယ်ခေါကျေးရွာနှင့် ပြည်ထောင်ကျေးရွာအနီး၌ မော်တော်ယာဉ် ငါးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အမိုနီယမ်နိုက်ထရိတ် (၂၅၀၂၅) ကီလိုဂရမ်နှင့် လက်ကိုင်ဖုန်း (၁၀) လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၅၂၅,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Forland Truck သုံးစီး၊ Dong Feng Truck တစ်စီးနှင့် Sino Truck  တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၆,၅၂၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဖေဖော်ဝါရီ ၂ ရက်၊ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၅,၁၅၅,၀၄၈) ဖြစ်ကြောင်း        တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)