မုဒုံမြို့တွင် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မုဒုံမြို့တွင် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ


MNP  ၊ ဖေဖော်ဝါရီ ၂၄


ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ကျရောက်မည့်  (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို မွန်ပြည်နယ် မုဒုံမြို့ရှိ မြို့မ(၄) ရပ်ကွက်၌ ကျင်းပခဲ့သည်။

မွန်လူမျိုးတို့၏ ဘာသာစကား၊ ယဥ်ကျေးမှု ဓလေ့ထုံးတမ်း၊ သမိုင်းအစဥ်အလာများ မတိမ် ကော မပျောက်ကွယ်စေရန် မွန်အမျိုးသားနေ့ကို ကျင်းပရခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ  လူငယ်လူရွယ်များ အားကစားစိတ်ဓာတ်ရှင်တန်ထက်မြတ်စေရန်၊ အချင်းချင်း တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးမှုကို ပိုမိုရရှိစေရန်နှင့်  ပြည်နယ်အတွင်း  အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် မြန်မာ့ရိုးရာ  ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ စတင်ကာ ပြိုင်ပွဲဝင်းအသင်း ၁၃ သင်းတို့က (၄)သင်း တစ်အုပ်စု၊ (၃)သင်း သုံးအုပ်စုတို့ဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

ဗိုလ်လုပွဲစဥ်တွင် ၄၄၄ အသင်းနှင့် သုံးဆူအသင်းတို့က ယှဥ်ပြိုင်သွားမည်ဖြစ်ရာ ပထမဆု (၃) သိန်းကျပ်၊ ဒုတိယဆု (၂)ကျပ်၊ တတိယဆု (၁)သိန်း (၅)သောင်းကျပ်နှင့် စတုတ္ထဆု (၁)သိန်း ကျပ်တို့ကို အသီးသီးဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရ သည်။


အောင်မျိုးသူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)