MNP ၊ ဖေဖော်ဝါရီ ၂၄
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၄ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းကိုယနေ့နံနက် ( ၈ ) နာရီက အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားကွင်း တွင်စတင်ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ပေါင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူးဒေါ်အေးသီတာအောင် က မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်ဆိုသည့်ဆောင်ပုဒ်အတိုင်း အားကစားများနေ့စဉ်ပြုလုပ်နေခြင်းဖြင့် ပြိုင်ပွဲများယှဉ်ပြိုင်ရာတွင် လွယ်ကူစွာယှဥ်ပြိုင်နိုင်ရန်လူငယ်များအတွက်
နွေရာသီ အားကစားသင်တန်းများဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီးသင်တန်းကိုစတင်သည်။
အဆိုပါသင်တန်းကို မြန်မာ့သိုင်း၊ ကြက်တောင် ၊ပိုက်ကျော်ခြင်း၊Fitness Dance စသည့် အားကစား ( ၄ ) မျိုးဖြင့်
ဖေဖော်ဝါရီ (၂၄ )ရက်နေ့မှ မတ်လ ( ၁၂ ) ရက်နေ့အထိ ( ၁၈ ) ရက်ကြာ ပိတ်ရက်မရှိ အခမဲ့ သင်ကြားဖွင့်လှစ် သွားမည်ဖြစ်ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost




No comments:
Post a Comment