နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အောင်သပြေ)၊ အခြေခံပညာအထက်တန်းကျောင်း (တောင်လေးလုံး) နှင့် အမှတ် (၇) အခြေခံပညာအထက်တန်း ကျောင်း (အင်းခေါင်း) များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ သင်ကြားရေး၊ စီမံခန့်ခွဲရေး ဆိုင်ရာအရည်အသွေး တိုးတက်အောင် အမြဲမပြတ်ကြိုးစား၍ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူမှု အခွင့်အလမ်းအပြည့်အဝရရှိစေရေး ဆောင်ရွက်ပေးကြရန်၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စိမ်းလန်းစိုပြေသန့်ရှင်းသာယာရေးကိုလည်း အမြဲမပြတ် အလေးထားဆောင်ရွက်ကြရန်၊ မိမိတို့ ကျောင်းများရှိ ဆောက်လုပ်ဆဲတည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်အရည်အသွေးအပြည့်အဝဖြင့် သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးရန်နှင့် အန္တရာယ်ကင်း၍ ရေရှည်တည့်တံ့အောင် ဆောင်ရွက်ကြရန်မှာကြားပြီး ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
#NewsUpdate
No comments:
Post a Comment